ဗီယက်နမ်ရှိ နာမည်ကြီးရေပေါ်စားသောက်ဆိုင် ပြိုကျနစ်မြုပ်၍ နှစ်ဦး သေဆုံး

ဗီယက်နမ်ရှိ နာမည်ကြီးရေပေါ်စားသောက်ဆိုင် ပြိုကျနစ်မြုပ်၍ နှစ်ဦး သေဆုံး

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Ninh Thuan ဒေသရှိ ပင်လယ်ပြင်တွင် တည်ဆောက်ဖွင့်လှစ်ထားသော ရေပေါ်စားသောက်ဆိုင်တစ်ခု ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက ပြိုကျနစ်မြုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး နိုင်ငံခြားခရီးသွားဧည့်သည် နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားသည်။

နိုင်ငံ၏ Vinh Hy ပင်လယ်အော်၌် Vinh Tien ခရီးသွားကုမ္ပဏီမှလာရောက် ဖွင့်လှစ်ထားသည့် အဆိုပါ ရေပေါ်စားသောက်ဆိုင်တွင် ယင်း၏ ဒေါက်တိုင်များ ကျိုးကျခဲ့ချိန်က စားသုံးသူ ၃၀၀ မှ ၄၀၀ ထိရှိနေခဲ့ကြောင်း သိရသည်။ ဆိုင် ပြိုကျနစ်မြုပ်ခဲ့ခြင်းကြောင့် လူများမှာ ပင်လယ်ထဲတွင် ကူးခတ်မျောပါနေခဲ့ကြကြောင်း ပြည်တွင်းသတင်းစာတွင် ဖော်ပြသည်။

ယင်းနောက် ငါးဖမ်းသမားများ၊ မီးသတ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တို့ကအလျင်အမြန် လာရောက်ကယ်တင်ခဲ့သော်လည်း နှစ်ဦး ရေနစ်သေဆုံးကာ သုံးဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားသည်။
အဆိုပါ ရေပေါ်စားသောက်ဆိုင်သည် ကမ်းခြေမှ မီတာ ၅၀ အကွာနေရာတွင် ဆောက်လုပ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စနေနေ့နေ့လည်ပိုင်းထိ ကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်မှုများပြုလုပ်နေ ရဆဲဖြစ်သည်။

ပင်လယ်စာ အမျိုးမျိုး ရရှိနိုင်ပြီး ပတ်ဝန်းကျင်အေးချမ်းသာယာမှုတို့ကြောင့် ယင်းရေပေါ်စားသောက်ဆိုင်သည် ပြည်တွင်းနှင့်ပြည်ပ မှ စားသုံးသူများဖြင့် အမြဲစည်ကားနေခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags