စပါးနည်းပြပိုချက်တီနိုကို အာဂျင်တီးနားအသင်း လက်ရွေးစင်အသင်း ကမ်းလှမ်းမည်

စပါးနည်းပြပိုချက်တီနိုကို အာဂျင်တီးနားအသင်း လက်ရွေးစင်အသင်း ကမ်းလှမ်းမည်

ဇူလိုင် ၂၃၊ လန်ဒန် ။             ။ လွတ်လပ်နေသော အာဂျင်တီးနားလက်ရွေးစင် နည်းပြရာထူးအတွက် စပါးနည်းပြပိုချက်တီနိုကို အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် က ကမ်းလှမ်းမည်ဟု အာဂျင်တီးနား သတင်းများတွင်ဖော်ပြထားသည်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပီရက်ဇ်သည် အက်သလက်တီကိုနည်းပြဆီမြွန်နီ၊ ဆီဗီလာနည်းပြဆမ်ပါအိုလီတို့လည်း ဆွေးနွေးရန် စပိန်သို့သွားရောက်မည်ဖြစ်သည်။

ဥရောပသို့ရောက်နေစဉ်အတွင်း စပါးနည်းပြ အသက် ၄၄ နှစ်အရွယ်ပိုချက်တီနို၏အသံကိုလည်းနားထောင်လိမ့်မည်ဟု ဘောလုံးအဖွဲ့ချုပ်သတင်းရင်းမြစ်များကပြောသည်ဟု လာနာစီယွန်က ဖော်ပြထား သည်။

အာဂျင်တီးနားလက်ရွေးစင်ဟောင်းပိုချက်တီနိုသည် စပါးအသင်းနှင့် ၂၀၂၂ ခုနှစ်အထိသက်တမ်းကျန်ရှိနေသေးသည်။

ပီရက်ဇ်သည် မက်ဆီနှင့်ဆွေးနွေးရန်လည်းစီစဉ်ထားသည်။ ပီရက်ဇ်သည် ဘာစီလိုနာတိုက်စစ်မှူးနှင့် အာဂျင်တီးနားအသင်း ခေါင်းဆောင်ဟောင်း၏ လက်ရွေးစင်အသင်းက အနားယူထားသည့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်စေလိုခြင်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly