မြူးနစ်မြို့ရှော့ပင်းစင်တာတွင် သေနတ်သမားတစ်ဦးပစ်ခတ်၍ လူကိုးဦးသေဆုံး

မြူးနစ်မြို့ရှော့ပင်းစင်တာတွင် သေနတ်သမားတစ်ဦးပစ်ခတ်၍ လူကိုးဦးသေဆုံး

ဘာလင်၊ ဇူလိုင် ၂၃ ။             ။ ဂျာမနီနိုင်ငံ မြူးနစ်မြို့က ရှော့ပင်းစင်တာတစ်ခုတွင် သေနတ်သမားတစ်ဦးပစ်ခတ်၍ လူကိုးဦးသေဆုံးပြီး ၎င်းသေနတ်သမားက ၎င်းကိုယ်ကို ပစ်ခတ်သွားကြောင်း ဂျာမနီရဲတပ်ဖွဲ့က ပြောသည်။

သေနတ်သမားသည် အသက် ၁၈ နှစ်ရှိ ဂျာမနီ-အီရန် နှစ်နိုင်ငံသားခံယူထားသူဖြစ်ပြီး မြူးနစ်မြို့မှာပင် နေထိုင်သူဖြစ်ကြောင်း ရဲက သတင်းစာရှင်းလင်းပွဲ၌ ပြောသော်လည်း မည်သည့်အတွက်ကြောင့် ပစ်ခတ်ရခြင်းဖြစ်ကြောင် မပြောပေ။

ထိုပစ်ခတ်မှုအတွင်း လူဆယ့်ခြောက်ဦး ဒဏ်ရာရကာ သုံးဦးက စိုးရိမ်ရသည့် အခြေအနေရှိကြောင်း ရဲက ဖြည့်စွက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် သေနတ်သမားသုံးဦး နောက်ကွယ်က ပါဝင်ရာ ၎င်းတို့နောက် ရဲက လိုက်လံရှာဖွေလျက်ရှိသည်။

ရှော့ပင်းစင်တာ တိုက်ခိုက်သူ၏ အလောင်းကို ယင်းစင်တာမှ တစ်ကီလိုမီတာအကွာခန့်တွင် တွေ့ရှိခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly