ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက် အရင်တုန်းကခေတ်လို့မျိုး မဟုတ်ဟု ပြည်နယ်ဝန်ကြီးချုပ်ဆို

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက် အရင်တုန်းကခေတ်လို့မျိုး မဟုတ်ဟု ပြည်နယ်ဝန်ကြီးချုပ်ဆို
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ရက် ၁၀၀ ဆောင်ရွက်ချက် ရှင်းလင်းပွဲ (ဓာတ်ပုံ - ကျော်မင်း)

စစ်တွေ၊ ဇူလိုင် ၂၂ ရက် ။             ။ ရခိုင်ပြည်နယ်အစိုးရ၏ ရက်ပေါင်း ၁၀၀ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ပြီးစီးဆောင်ရွက်မှုများနှင့် ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးသည့် စီမံကိန်းများအတွက် ရှင်းလင်းပွဲကို ဇူလိုင် ၂၂ ရက်နေ့က စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စီမံကိန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက မြို့နယ်အလိုက် ရှင်းလင်းခဲ့ပြီး၊ လုပ်ဆောင်ရန် ကျန်ရှိနေသေးသည့် အရာများအတွက် ပြည်သူများထံမှ အကြံပြုချက်များကိုလည်း တောင်းခံခဲ့သည်။

ရှင်းလင်းချက်အရ ရက်တစ်ရာ စီမံကိန်းအတွင်း လုပ်ဆောင်ချက်များတွင် အဓိကအားဖြင့် အခြေခံအဆောက်အဦးများဖြစ်သည့် ကျောင်း၊ ဆက်သွယ်ရေး၊ ရေကန်စသည့် အရာများကို   ဆောက်လုပ်နိုင်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက်လည်း နောက်ထပ်ရက်တစ်ရာ စီမံကိန်းဆွဲထားပြီး ဖြစ်ကြောင်း သိရသည်။

"ကျနော် ဒီနေ့လို နေ့ရက်မျိုးရောက်ဖို့အတွက် ရခိုင်ပြည်နယ်ဟာ ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ ပေးဆပ်ပြီးမှ ဖြစ်လာခဲ့တာပါ။ ဒီကနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ ဟာလည်းပဲ ယခင် ခေတ်ကလိုမျိုး လွယ်ကူနေတာမဟုတ်ဘူးဆိုတာလည်းပဲ သိစေလိုပါတယ်။" ဟု ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဦးညီပုက ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံကိန်းဖော်ဆောင်မှုများတွင် မြို့နယ်အလိုက် အစိုးရအဖွဲ့ ဝန်ထမ်းများက တဆင့် ထပ်မံ သတ်မှတ်ချက်များ၊ လာဘ်စားမှုများရှိခြင်းတို့   တွေ့ရှိလာပါကလည်း ပြည်သူများအနေနှင့် အချိန်မရွေးတိုင်ကြားရန်လည်း လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောသတ္တုတွင်း ဝန်ကြီး ဦးကျော်လွင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly