ဝစ်နယ်ဒန်ကိုပေါင် ၂၅ သန်းဖြင့်ခေါ်ယူရန် လီဗာပူးလ်အသင်းသဘောတူညီမှုရ

ဝစ်နယ်ဒန်ကိုပေါင် ၂၅ သန်းဖြင့်ခေါ်ယူရန် လီဗာပူးလ်အသင်းသဘောတူညီမှုရ

ဇူလိုင် ၂၂၊ လီဗာပူးလ်။            ။ လီဗာပူးလ်အသင်းသည် နယူးကာဆယ်အသင်းမှ နယ်သာလန်လက်ရွေးစင် ဝစ်နယ်ဒန်ကိုပေါင် ၂၅ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရခဲ့သည်။

နယူးကာဆယ်အသင်းနှင့် စာချုပ်သက်တမ်းလေးနှစ်ကျန်နေသေးသော အသက် ၂၅ နှစ်အရွယ်ကစားသမားသည် သောကြာ နေ့တွင် လီဗာပူးလ်အသင်းနှင့် ဆေးစစ်မှုခံယူခဲ့သည်။

ဝစ်နယ်ဒန်သည် ၂၀၁၅ ခုနှစ်တွင် ပီအက်စ်ဗွီမှ နယူးကာဆယ်သို့ ပေါင် ၁၄ ဒသမ ၅ သန်းဖြင့်ပြောင်းလာခဲ့ပြီး ပရီးမီးယားလိဂ် ၃၈ ပွဲစလုံးကစားခွင့်ရခဲ့ကာ ၁၁ ဂိုးသွင်းနိုင်ခဲ့သည်။

ယင်းကွင်းလယ်ကစားသမားသည် မိန့်ဇ်ဂိုးသမား လိုရစ် ကေးရီးယက်စ် (ပေါင် ၄ ဒသမ ၇ သန်း)၊ ရှော်လ်ကေးဗဟိုနောက်ခံလူ ဂျိုရယ် မက်တစ်(အလွတ်ပြောင်းရွှေ့ကြေး)၊ ရက်စတားဘဲဂရိတ် ကွင်းလယ်လူ မာကိုဂရူဂျစ် (ပေါင် ၅ ဒသမ ၁ သန်း)၊ ဆောက်သမ်တန်တိုက်စစ်မှူး ဆာဒီယို မန်နီ (ပေါင် ၃၄ သန်း)နှင့် အော့စ်ဘတ်နောက်ခံလူ ရက်နာ ကလာဗန် (ပေါင် ၄ ဒသမ ၂ သန်း)တို့ပြီးနောက် လီဗာပူးလ်အသင်းခေါ်ယူသည့် ဆဋ္ဌမမြောက်ကစားသမားဖြစ်လာခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags