ဇူလိုင် ၂၂ ။ ။ စစ်ဆေးရုံတစ်ရုံတွင် ငါးနှစ်တာနီးပါး ထိန်းသိမ်းခံထားရပြီးနောက်ပိုင်း ဖိလစ်ပိုင်သမ္မတဟောင်း ဂလော်ရီယာ အာရိုယို သည် ဇူလိုင်လ ၂၁ ရက်က လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း သူမ၏ ရှေ့နေဖြစ်သူက ပြောသည်။
တာဝန်ယူစဉ်က အကျင့်ပျက်ခြစားမှုများရှိခဲ့သည်ဆိုသော စွဲချက်တင်ခံခဲ့ရပြီးနောက် သမ္မတဟောင်း မစ္စ အာရိုယိုမှာ စစ်ဆေးရုံတစ်ခုတွင် အကျဉ်းချခံထားရခြင်းဖြစ်သည်။
အသက် ၆၉ နှစ်ရှိ ဖိလစ်ပိုင်အမျိုးသမီးသမ္မတဟောင်းသည် ကျောရိုးနဗ်ကြော မကောင်းသည့် ဝေဒနာကို ခံစားနေရသူလည်းဖြစ်သည်။ သူမသည် ၂၀၀၁ ခုနှစ် နှင့်၂၀၁၀ ခုနှစ်များအကြား တာဝန်ယူစဉ်အချိန်တွင်း နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများထဲမှ ကန်ဒေါ်လာ ၈ ဒသမ ၈ သန်း ခိုးယူဖျောက်ဖျက်ခဲ့သည်ဟု စွပ်စွဲခံထားရသူဖြစ်သည်။
သို့သော် အဆိုပါ စွဲချက်များကို သက်သေခိုင်မာခြင်းမရှိဟုဆိုကာ တရားလွှတ်တော်ချုပ်က ဇူလိုင်လ ၁၉ ရက်က ပယ်ချပေးသွားခဲ့သည်ဟု သိရသည်။
ဇူလိုင်လ ၂၁ ရက် သမ္မတဟောင်း အာရိုယိုအား တင်ဆောင်လာသော ယာဉ်တန်း မနီလာမြို့အနီးရှိ ဆေးရုံဝင်းအတွင်းမှ ထွက်လာချိန်တွင်မူ ဆေးရုံဂိတ်ရှေ့တွင် သူမအားထောက်ခံသူများက မိုးရေများကြားမှ “We love Gloria” ဟု အော်ဟစ် ကြိုဆိုခဲ့ဲကြသည်ဟု သိရသည်။