ဥရောပအကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းကို စီရော်နယ်ဒိုနှင့် မက်ဆီတို့ပင် ဦးဆောင်

ဥရောပအကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းကို စီရော်နယ်ဒိုနှင့် မက်ဆီတို့ပင် ဦးဆောင်

ဇူလိုင် ၁၉၊ ဆွစ်ဇာလန် ။              ။ ၂၀၁၆ ခုနှစ် ဥရောပအကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်ကစားသမား ၁၀ ဦးကို ရွေးချယ်ခဲ့ရာမှာ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ကပဲ ထိပ်ဆုံးက ရေပန်းစားလျက်ရှိနေပါတယ်။

ယူအီးအက်ဖ်အေကအသိအမှတ်ပြုထားတဲ့ ဥရောပတစ်လွှားရှိ အားကစားကလောင်ရှင်တွေက ထိပ်တန်းကစားသမားကစား ၃၇ ဦးကို ရွေးချယ်ပေးခဲ့ပြီး အဲ့ဒီအထဲက ၁၀ ဦးကို ထပ်မံရွေးချယ်ထားတာ ဖြစ်ပါတယ်။

ထိပ်ဆုံး ၁၀ ဦးစာရင်းမှာတော့ စီရော်နယ်ဒို၊ မက်ဆီ၊ ဂါရတ်ဘေး၊ ဂရစ်ဇ်မန်း၊ ဘတ်ဖွန်၊ တိုနီခရုစ်၊ သောမတ်စ်မူလာ၊ မန်နျူရယ် နျူအာ၊ ပီပီနဲ့ ဆွာရက်ဇ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။

အခြားဆန်ခါတင် ကစားသမားစာရင်းမှာတော့ လက်စတာအတွက် ခြေစွမ်းပြခဲ့ကြတဲ့ ဗာဒီနဲ့မာရက်ဇ်၊ ပြင်သစ်ရဲ့ ပေယက်၊ ဘာစီလိုနာတိုက်စစ်မှူး နေမာတို့ ပါဝင်ခဲ့ကြသလို အီဗရာဟီမိုဗစ်၊ အင်နီယေစတာ၊ ပေါ့ဂ်ဘာစတဲ့ ကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒီနေရာမှာ ထူးခြားတာတစ်ခုကတော့ ဝီဂန်အသင်းက မြောက်အိုင်ယာလန်တိုက်စစ်မှူး ဝယ်ဂရစ် ဆန်ခါတင်စာရင်းမှာ ပါဝင်လာတာပါပဲ။ ဝယ်ဂရစ်ဟာ ပြီးခဲ့တဲ့ရာသီက ဝီဂန်အတွက် ၂၈ ဂိုးအထိ သွင်းပေးနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ထိပ်တန်းလိဂ်မဟုတ်တဲ့ လိဂ်ပြိုင်ပွဲကနေ ဆန်ခါတင်စာရင်းမှာ ပါဝင်လာတဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။

သူ့ရဲ့အဆင့်က မန်ယူက အလိုရှိနေတဲ့ ပေါင်သန်း ၁၀၀ တန်ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ အတူတူပဲလို့ သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် ပေါ့ဂ်ဘာရဲ့ ပြောင်းရွှေ့ကြေးနဲ့   ခြေစွမ်းက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရပါတယ်။

ရည်ညွှန်း ယူအီးအက်ဖ်အေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly