ဂျာမနီ၌ ရထားပေါ် အာဖဂန်ဒုက္ခသည်လူငယ်က ပုဆိန်၊ ဓားတို့ဖြင့် တိုက်ခိုက်၍ လူလေးဦး ဒဏ်ရာရ

ဂျာမနီ၌ ရထားပေါ် အာဖဂန်ဒုက္ခသည်လူငယ်က ပုဆိန်၊ ဓားတို့ဖြင့် တိုက်ခိုက်၍ လူလေးဦး ဒဏ်ရာရ

ဘာလင်၊ ဇူလိုင် ၁၉ ။           ။ ဂျာမနီနိုင်ငံတောင်ပိုင်းတွင် ရထားတစ်စင်းပေါ် အာဖဂန်နစ္စတန် ဆယ်ကျော်သက် ဒုက္ခသည်လူငယ်တစ်ဦးက ပုဆိန်နှင့် ဓားတို့ဖြင့် တိုက်ခိုက်၍ လူလေးဦးဒဏ်ရာရကြောင်း တာဝန်ရှိသူများက ပြောသည်။

ဝါဇာဘတ်မြို့တွင် ဖြစ်ပွားသော ယင်းတိုက်ခိုက်မှု၌

သုံးဦးက ဒဏ်ရာပြင်းထန်ပြီး ကျန်တစ်ဦးမှာ သာမန်ဒဏ်ရာသာရရှိခြင်းဖြစ်သည်။

အစောပိုင်းသတင်းများတွင် ဒဏ်ရာရသူ ၂၀ ရှိကြောင်း ဖော်ပြသော်လည်း နောက်ပိုင်းထုတ်ပြန်ချက်အရ ၁၄ ဦးက ခြောက်ခြားတုန်ရီမှုကြောင့် ကုသပေးရခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ရသည့် အကြောင်းရင်းအား မသိရသေးပေ။

တိုက်ခိုက်သူက အသက် ၁၇ နှစ်သာ ရှိသော အနီးက အော်ချာဆန်ဖတ်တွင် နေထိုင်သူ အာဖဂန်ဒုက္ခသည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဂျိုယာချင်းဟာမန်းက ဆိုသည်။

ထိုဆယ်ကျော်သက်က အဖော်မပါပဲ ဂျာမနီသို့ ဒုက္ခသည်အဖြစ် တစ်ဦးတည်းရောက်ရှိလာသူဖြစ်ဖွယ်ရှိကြောင်း ၎င်းကပြောသည်။

ယင်းလူငယ်က အာမေဋိတ်သံတစ်ခုကို ကြွေးကြော်အော်ဟစ်ကာ တိုက်ခိုက်ခြင်းဖြစ်သည်ဆိုသည် သတင်းကို အာဏာပိုင်များအနေဖြင့် စုံစမ်းလျက်ရှိကြောင်း ဟာမန်းက ပြောသည်။ ကိုယ်တွေ့ကြုံသူများကို မေးမြန်း၍ ဂျာမနီမီဒီယာက ဖော်ပြရာ၌ ၎င်းက Allahu akbar (အလာဟ်ရှင်မြတ်က ကြီးမြတ်တယ်)ဟု အော်ကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags