ပေါင် ရ၈.၅ သန်းအောက်သာ ပေးချေပါက ဟီဂူအင်ကို နာပိုလီအသင်း ရောင်းချမည် မဟုတ်

ပေါင် ရ၈.၅ သန်းအောက်သာ ပေးချေပါက ဟီဂူအင်ကို နာပိုလီအသင်း ရောင်းချမည် မဟုတ်

ဇူလိုင် ၁၉၊ အီတလီ ။             ။ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၈.၅ သန်းအောက်သာ ပေးချေမည်ဆိုပါက လုံးဝရောင်းချမည်မဟုတ်ကြောင်း နာပိုလီအသင်းက ထုတ်ပြန်ကြေညာလိုက်သည်။

နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်က ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီနှင့် တရားဝင်တွေ့ဆုံဆွေးနွေးမှုတွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း စကိုင်းစပို့အီတာလီယာသတင်းဌာနက   ဖော်ပြသွားခဲ့သည်။

ထိုပြောင်းရွှေ့ကြေးပမာဏမှာ ဟီဂူအင်နှင့်နာပိုလီအသင်းတို့ ချုပ်ဆိုထားသော စာချုပ်ထဲမှ လျော်ကြေးငွေ ပမာဏ ဖြစ်သည်။

ဟီဂူအင်ကို အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေးနှင့် ကစားသမားအလိုက်ပေးကာ ကမ်းလှမ်းထားသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် ဂျူဗင်တပ်စ်အသင်း ကလည်း အာဆင်နယ်အသင်းနည်းတူ (ပြောင်းရွှေ့ကြေး+ကစားသမား)ဖြင့် ကမ်းလှမ်းဖွယ်ရှိနေသည်။

ဟီဂူအင်သည် ၂၀၁၃ ခုနှစ်က ရီးယဲလ်မှ နာပိုလီသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ လက်ရှိ နာပိုလီနှင့် စာချုပ်သက်တမ်းမှာ ၂ နှစ်ကျန်ရှိနေသေးသည်။ ဟီဂူအင်သည် ပြီးခဲ့သည့်ရာသီက စီးရီးအေ၏ ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့သူ ဖြစ်သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly