နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရန်ကုန်တိုင်းက ဝန်ကြီးတွေနဲ့ တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရန်ကုန်တိုင်းက ဝန်ကြီးတွေနဲ့ တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ နှင့် ဇူလိုင် ၁၈ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရေတို၊ ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြ၍ နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲ၍ တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လိုက်နာပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေး ကို ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း MOI တွင် သတင်းထုတ်ပြန်ထားသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးခင်မောင်ချို၊ ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၆ရက် ညနေက ရန်ကုန်မြို့ကို ရောက်ရှိနေပြီး ဇူလိုင် ၁၇ရက် နံနက်တွင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ပြတိုက်၊ အမျိုးသားပြတိုက်များကို လိုက်လံစစ်ဆေးခဲ့သည်။ နေ့လည်ပိုင်းတွင် UNFC မှ တိုင်းရင်းသားခေါင်းဆောင်ကြီးများ နှင့် တွေ့ဆုံခဲ့သည်။

ဇူလိုင် ၁၈ရက် နံနက်ပိုင်းတွင် အစိုးရအဖွဲ့ဝန်ကြီးများ နှင့် တွေ့ဆုံကာ ညနေပိုင်းတွင် သူမ၏ နေအိမ်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၆ရက် ညနေက ရန်ကုန်မြို့ကို ရောက်ရှိနေပြီး ဇူလိုင် ၁၇ရက် နံနက်တွင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ပြတိုက်၊ အမျိုးသားပြတိုက်များကို လိုက်လံစစ်ဆေးခဲ့သည်။

နေ့လည်ပိုင်းတွင် UNFC မှ တိုင်းရင်းသားခေါင်းဆောင်ကြီးများ နှင့် တွေ့ဆုံခဲ့သည်။ ဇူလိုင် ၁၈ရက် နံနက်ပိုင်းတွင် အစိုးရအဖွဲ့ဝန်ကြီးများ နှင့် တွေ့ဆုံကာ ညနေပိုင်းတွင် သူမ၏ နေအိမ်၌  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဂျပန်ကုမ္ပဏီတစ်ခုနှင့် တွေ့ဆုံမည်ဖြစ်သည်။

ဇူလိုင် ၁၉ရက် အာဇာနည်နေ့တွင်မူ ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် အာဇာနည်ကြီးများ၏ မိသားစုဝင်တစ်ဦးအဖြစ် သွားရောက်ဂါရဝပြုမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly