နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းတွင် ရေကြောင်းထိန်းသိမ်းမှုဧရိယာ ထူထောင်ရန် တိုင်းတာတွက်ချက်မည်

နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းတွင် ရေကြောင်းထိန်းသိမ်းမှုဧရိယာ ထူထောင်ရန် တိုင်းတာတွက်ချက်မည်
ရခိုင်ကမ်းရိုးတန်း ဓာတ်ပုံ - Air Bagan

ဇူလိုင် ၁၈ ။              ။ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ကမ်းရိုးတန်းဒေသတွင် ပင်လယ်ရေကြောင်း ထိန်းသိမ်းစောင့်ရှောက်ရေး ဧရိယာတစ်ခု ထူထောင်နိုင်ရန် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုက တိုင်းတာစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် စီစဉ်နေသည်ဟု သိရသည်။ Flora and Fauna International (FFI) အဖွဲ့က ယင်း လုပ်ဆောင်မှုကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ကမ်းရိုးတန်း ဒေသတွင်းရှိ သန္တာကျောက်တန်းများ၏ တည်ရှိဖြစ်တည်မှုအနေအထား၊ ငါးမျိုးစိတ်များ ပေါက်ဖွားရာ ဇုန်များ၊ ပင်လယ်လမုပင်များနှင့် ငှက်မျိုးစိတ်များ၏ နေထိုင်ဖြစ်တည်မှုတို့ကို အဆိုပါ NGO အဖွဲ့က လေ့လာဆန်းစစ်သွားမည်ဖြစ်သည်။

FFI အဖွဲ့သည် အဆိုပါ ဆန်းစစ်မှုလုပ်ငန်းစီမံကိန်းအတွက် ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်ကာ ဆန်းစစ်မှုကာလနှစ်နှစ်ပြီးဆုံးသွားချိန်တွင် ယင်း၏ အဆိုပါ ရေကြောင်းထိန်းသိမ်းရေးဧရိယာထူထောင်ရေးစီမံကိန်းတွင် ပါဝင်လုပ်ဆောင်ရန် ကျေးရွာတစ်ချို့ကို ရွေးချယ်သွားမည်ဖြစ်သည်။

ယခု လက်ရှိအချိန်တွင် FFI အဖွဲ့သည် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့နှင့် ပူးပေါင်းပြီး နိုင်ငံတောင်ပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီးတွင် ရေကြောင်းထိန်းသိမ်းရေးဧရိယာတစ်ခုကို ထူထောင်နိုင်ရန်လုပ်ဆောင်လျက်ရှိသည်။ အဆိုပါ အဖွဲ့သည် အလားတူ လုပ်ဆောင်ချက်မျိုးကို ၂၀၁၂ ခုနှစ်ကတည်းက မြိတ်မြို့တွင် လုပ်ဆောင်ထားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required