ချယ်လ်ဆီးအသင်း၏ အနာဂတ်အစီအစဉ်တွင် ကွာဒရာဒိုပါ၀င်သည်ဟု ကွန်တီပြော

ချယ်လ်ဆီးအသင်း၏ အနာဂတ်အစီအစဉ်တွင် ကွာဒရာဒိုပါ၀င်သည်ဟု ကွန်တီပြော

ဇူလိုင် ၁၈၊ လန်ဒန် ။          ။ ရာသီသစ်အတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် ချယ်လ်ဆီးနည်းပြသစ်ကွန်တီက ကိုလံဘီယာကွင်းလယ်တောင်ပံကစားသမား ကွာဒရာဒိုသည် ၎င်း၏အနာဂတ်အစီအစဉ်တွင် ပါဝင်ကြောင်း ပြောဆိုလိုက်သည်။

ကွာဒရာဒိုသည် ချယ်လ်ဆီးအသင်းတွင် ပထမကစားသမားနေရာမရသည့်အတွက် ပြီးခဲ့သည့်ရာသီက ဂျူဗင်တပ်စ်အသင်းသို့ အငှားသွားရောက်ကစားခဲ့ရသည်။ ဂျူဗင်တပ်စ်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး စကူဒက်တိုဖလားကို ရယူနိုင်ခဲ့သူ ဖြစ်သည်။

‘ကွာဒရာဒိုက ချယ်လ်ဆီးကစားသမားပါ။ မကြာခင်အသင်းကို သူ ပြန်လာပါလိ့မ်မယ်။ ကွာဒရာဒို ချယ်လ်ဆီးအသင်းမှာပါဝင်ပြီး သူ့ကို နည်းပြရမှာဖြစ်လို့ ကျွန်တော် အရမ်းပဲ ပျော်ပါတယ်။

ကျွန်တော် ဂျူဗင်တပ်စ်ကို နည်းပြနေတုန်းကတည်းက သူ့ကို ခေါ်ယူချင်ခဲ့တာပါ။ အခုတော့ သူကချယ်လ်ဆီးကစားသမားဖြစ်ပြီး ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ပါလိ့မ်မယ်။ တစ်ခုခုအပြောင်းအလဲဖြစ်လာရင် အားလုံးသိရမှာပါ’ ဟု ကွန်တီက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကွာဒရာဒိုကို နည်းပြမော်ရင်ဟိုက ချယ်လ်ဆီးသို့ခေါ်ယူခဲ့ခြင်းဖြစ်သည်။ သို့သော်ကွာဒရာဒိုသည် ချယ်လ်ဆီးတွင် ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲသာကစားခဲ့ရပြီး ခြေစွမ်းမပြနိုင်ခဲ့ပဲ အီတလီသို့ ရောက်ရှိခဲ့ရသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly