အစိုးရအဖွဲ့အစည်းအတွင်း ပုန်ကန်စိတ်ထားများကို အမြစ်ဖြုတ်မည်ဟု တူရကီသမ္မတကြွေးကြော်လျက် လူ ၆၀၀၀ ကိုဖမ်းဆီးထား

အစိုးရအဖွဲ့အစည်းအတွင်း ပုန်ကန်စိတ်ထားများကို အမြစ်ဖြုတ်မည်ဟု တူရကီသမ္မတကြွေးကြော်လျက် လူ ၆၀၀၀ ကိုဖမ်းဆီးထား

ပုန်ကန်မှုဖြစ်စေသည့် အစိုးရအဖွဲ့အစည်းအတွင်းက အာဏာလုရေးစိတ်ထားများကို အမြစ်ဖြုတ်မည်ဟု သမ္မတအာဒိုဂန်က ကြွေးကြော်လျက် အရေးနိမ့်ခဲ့သည့်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထားသူ ၆၀၀၀ ရှိနေပြီဖြစ်သည်။

လက်ရှိဖမ်းဆီးထားသူများတွင် အာဒိုဂန်၏ ထိပ်တန်းစစ်လက်ထောက် ဗိုလ်မှူးကြီး အလီယာဇီစီလည်း ပါဝင်သည်။

အာဏာသိမ်းမှုအတွင်း သေဆုံးသူဦးရေသည် ၂၉၀ အထိ မြင့်တက်လာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ သေဆုံးဦးရေမှ ၁၀၀ ကျော်ထက်မနည်းက အာဏာသိမ်းရန် ကြံစည်မှုတွင် ပါဝင်သူများဖြစ်သည်။

တစ်ချို့သော အာဏာသိမ်းရန် ကြံစည်မှုတွင် ပါဝင်သူများက လုံခြုံရေးတပ်ဖွဲ့များကို ခုခံတိုက်ခိုက်ခဲ့ပြီးမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။

“အဖွဲ့အစည်းတိုင်းမှာ စိမ့်ဝင်နေတဲ့ အာဏာသိမ်းစိတ်ဓာတ်ရှိသူတွေကို ရှင်းလင်းသွားမယ်။ ဘာကြောင့်လည်းဆိုတော့ ဒီအာဏာသိမ်းအယူအဆက ပိုးမွှားလို ပျံ့နှံ့နေလို့ပဲ။ ကင်ဆာလိုပဲ။ နိုင်ငံကို လှိုက်စားနေတယ်။”ဟု အာဏာသိမ်းကြံစည်မှုအတွင်း သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း အခမ်းအနားတွင် သမ္မတ ရီဆက်တေယစ်အာဒိုဂန်က ပြောခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly