လက်စတာ၏ စာချုပ်သစ်ကမ်းလှမ်းမှုကို မာရက်ဇ် ငြင်းပယ်

လက်စတာ၏ စာချုပ်သစ်ကမ်းလှမ်းမှုကို မာရက်ဇ် ငြင်းပယ်

ဇူလိုင် ၁၇၊ အင်္ဂလန် ။                  ။ လက်စတာအသင်း၏ စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစားသမား ရီယက်ဒ်မာရက်ဇ်က ငြင်းပယ်လိုက်သည်။

ချယ်လ်ဆီးအသင်းက လက်စတာကွင်းလယ်လူ ကန်တီကို ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူသွားပြီးနောက် လက်စတာ၏စာချုပ်သစ်ကမ်းလှမ်းမှုကို မာရက်ဇ်ဘက်က ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။ မာရက်ဇ်သည် ပြီးခဲ့သည့်ရာသီက လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် အဓိက ခြေစွမ်းပြခဲ့သူတစ်ဦး ဖြစ်သည်။

မာရက်ဇ်၏ လက်ရှိစာချုပ်မှာ သုံးနှစ်ကျန်ရှိနေသေးပြီး တစ်ပတ်လစာငွေမှာ ပေါင်သုံးသောင်းခွဲသာ ရရှိနေသည်။ ပြီးခဲ့သည့်ရာသီက မာရက်ဇ်၏ခြေစွမ်းပြနိုင်မှုကြောင့် လက်စတာအသင်းက တစ်ပတ်လုပ်ခလစာငွေ ပေါင်ရှစ်သောင်းအထိတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင် မာရက်ဇ်၏အေးဂျင့်ဖြစ်သူက ကလပ်အသင်းသစ်ရှာဖွေနေသည့်အတွက် လက်စတာအသင်းမှာလည်း ၎င်း၏နေရာကို အစားထိုးရန် ကစားသမားသစ်ရှာဖွေရတော့မည်ဖြစ်သည်။

မာရက်ဇ်ကို ဘာစီလိုနာနှင့် ပီအက်စ်ဂျီတို့ကစိတ်ဝင်စားနေကြပြီး အာဆင်နယ်နှင့် မန်ယူတို့ကလည်း ခေါ်ယူလိုနေသည်ဟု သတင်းထွက်ပေါ်နေသည်။ မာရက်ဇ်မှာ ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ပရီးမီးယားလိဂ်အသင်းများကိုသာ ဦးစားပေးရွေးချယ်ဖွယ်ရှိနေသည်ဟု သတင်းများက ဆိုခဲ့သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly