ဘယ်လ်ဂျီယံနည်းပြရာထူးမှ ဝီလ်မို့စ်နုတ်ထွက်

ဘယ်လ်ဂျီယံနည်းပြရာထူးမှ ဝီလ်မို့စ်နုတ်ထွက်

ဇူလိုင် ၁၆၊ ဘယ်လ်ဂျီယံ။            ။ ဘယ်လ်ဂျီယံအသင်းသည် ယူရို ၂၀၁၆ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး နှစ်ပတ်အကြာတွင် နည်းပြဝီလ်မို့စ်နှင့် နှစ်ဦးသဘောတူလမ်းခွဲ လိုက်သည်။

အသက် ၄၇ နှစ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်ဟောင်းသည် ဘယ်လ်ဂျီယံအသင်းကို လေးနှစ်တာကာလအတွင်း ပွဲ ၅၀ ကိုင်တွယ်ခဲ့သည်။ ဘယ်လ်ဂျီယံအသင်းမှာ လက်ရှိတွင် ကမ္ဘာ့အဆင့် ၂ အဖြစ်ရပ်တည်နေသည်။

ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကားစ်မက်ကာက “ဥရောပပြိုင်ပွဲမှာ မျှော်မှန်းထားတဲ့ အောင်မြင်မှုမရခဲ့ပါဘူး။ ကျွန်တော်တို့ အရှိန်အဟုတ်သစ်တစ်ခု လိုအပ်ပါတယ်”ဟု ပြောသည်။

ဘယ်လ်ဂျီယံအသင်းသည် ယူရို ၂၀၁၆ ပြိုင်ပွဲ ကွာတားအဆင့်ထိတက်ရောက်နိုင်ခဲ့ပြီး ဝေးလ်ကို ၃-၁ ဂိုးဖြင့်ရှုံးသဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ဝေးလ်အသင်းသည်လည်း ချန်ပီယံဖြစ်မည့်ပေါ်တူဂီကို ဆီမီးတွင် ရှုံးနိမ့်ခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly