နိုင်ငံတွင် ဆေးဝါးအတုများ ထုတ်လုပ်ရောင်းချနေခဲ့သည်ဆိုသော သတင်းထွက်လာခဲ့ပြီးနောက် ဆေးဝါးအေဂျင်စီကို ပြင်ဆင်ဖွဲ့စည်းရန် အင်ဒိုအစိုးရ ညွှန်ကြား

နိုင်ငံတွင် ဆေးဝါးအတုများ ထုတ်လုပ်ရောင်းချနေခဲ့သည်ဆိုသော သတင်းထွက်လာခဲ့ပြီးနောက် ဆေးဝါးအေဂျင်စီကို ပြင်ဆင်ဖွဲ့စည်းရန် အင်ဒိုအစိုးရ ညွှန်ကြား

ဇူလိုင် ၁၅ ။           ။ အင်ဒိုနီးရှားနိုင်ငံတွင် ဆေးဝါးလုပ်ငန်းစုတစ်စုက ဆယ်စုနှစ်တစ်စုကျော်ကြာ ဆေးဝါးတုများကို ဆေးရုံဆေးခန်းများသို့ ရောင်းချပေးနေသည့်ဖြစ်စဉ်ကို ရဲများက စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီးနောက်ပိုင်း အဓိကတာဝန်ရှိသည့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်အေဂျင်စီကို ချက်ချင်း ပြင်ဆင်ပြောင်းလဲဖွဲ့စည်းရန် အင်ဒိုအစိုးရက ညွှန်ကြားလိုက်သည်။

ဆေးဝါးတုများ ထုတ်လုပ်ရောင်းချနေခဲ့သည်ဆိုသော သတင်းများကြောင့် ပြည်သူအများ ဒေါသထွက်ခဲ့ရကာ နိုင်ငံ၏ကျန်းမာရေးကဏ္ဍတွင် အစိုးရက ကြီးကြပ်စောင့်ရှောက်မှု အားနည်းခဲ့ခြင်းအပေါ် ပြစ်တင်ပြောကြားခဲ့ကြသည်။

ဂျာကာတာနှင့် ဂျာဗားကျွန်းအလယ်ပိုင်းရှိ ကျန်းမာရေးဆေးပေးခန်းများသို့ အသည်းရောင်အသားဝါ ဘီပိုး၊ ဆုံဆို့နာ၊ မေးခိုင်ရောဂါ ကာကွယ်ဆေးများကို အတုထုတ်လုပ်ကာ တင်သွင်းရောင်းချနေခဲ့ခြင်းက အတိုင်းအတာမည်မျှအထိ ပြန့်နှံခဲ့သည်ဆိုသည်ကို အာဏာပိုင်များက ဆက်လက်စုံစမ်းလျက်ရှိသည်။

ယခုထက်ထိ ယင်းဆေးတုများနှင့်ပတ်သက်၍ သေဆုံးမှုဖြစ်စဉ်များ ထွက်ပေါ်လာခဲ့ခြင်းမရှိသေးပေ။

“ ဆေးဝါးတု ပြဿနာပေါ်လာတဲ့အတွက် ကျွန်တော်တို့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်၊ မနေ့ကပဲ တာဝန်ရှိတဲ့သူတွေကို တာဝန်ခံခိုင်းဖို့အတွက် သမ္မတက ဆေးဝါးအေဂျင်စီကို ပြင်ဆင်ဖွဲ့စည်းဖို့ ညွန်ကြားလိုက်ပါတယ်” ဟု ဝန်ကြီးအဖွဲ့ အတွင်းရေးမှူး ပရာမိုနို အေနွန်က ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags