တောင်တရုတ်ပင်လယ်တွင် တရုတ်က နျူကလီးယားဓါတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြ

တောင်တရုတ်ပင်လယ်တွင် တရုတ်က နျူကလီးယားဓါတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြ

ဇူလိုင် ၁၅ ။            ။ တောင်တရုတ်ပင်လယ်တွင် တရုတ်က ရွှေ့ပြောင်းနိုင်သော နျူဓါတ်အားပေးစက်ရုံများ တည်ဆောက်သွားနိုင်ကြောင်း နိုင်ငံပိုင်သတင်းဌာနတွင် ဇူလိုင်လ ၁၅ ရက်က ဖော်ပြသွားသည်။ မဟာဗျူဟာကျ နယ်မြေရေပိုင်နက်အပေါ် တရုတ်တို့၏ ပိုင်ဆိုင်ကြောင်း ပြောကြားချက်မှာ မခိုင်လုံကြောင်း နိုင်ငံတကာတရားရုံးက ဆုံးဖြတ်ပြီး ရက်ပိုင်းအကြာ ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“တောင်တရုတ်ပင်လယ်ပြင်တွင်းမှာ တရုတ်ရဲ့ ထိန်းချုပ်မှုကို ထောက်ကူနိုင်ဖို့အတွက် ရေကြောင်း နျူဓါတ်အားပေးရုံတွေ တည်ဆောက်သွားမယ့် လမ်းစဉ်ကို လိုက်နိုင်ပါတယ်” ဟု တရုတ်အမျိုးသားနျူကလီးယားကော်ပိုရေးရှင်း CNNC ၏ လူမှုမီဒီယာပေါ်တွင် ရေးသားထားချက်ကို ကိုးကားပြီး နိုင်ငံပိုင် ဂလိုဘယ်လ်တိုင်းမ်းသတင်းဌာနက ဖော်ပြထားသည်။

လူမှုပလက်ဖောင်းတစ်ခုဖြစ်သည့် WeChat ပေါ်တွင် CNNC ၏ မူလရေးသားချက်မှာ ဇူလိုင်လ ၁၅ ရက်တွင် ပြန်ဖျက်သွားခဲ့ပြီဖြစ်သည်ဟုလည်း သိရသည်။

“ အနာဂတ်ကာလမှာ တောင်တရုတ်ပင်လယ်မှာသာ လျှပ်စစ်နဲ့ ဓါတ်အားလိုင်းစနစ်တွေ အားကောင်းသွားမယ်ဆိုရင် တရုတ်အနေနဲ့ တောင်တရုတ်ပင်လယ်ဒေသကို စီးပွားဖြစ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရှိန်မြင့်လုပ်ဆောင်သွားနိုင်မှာဖြစ်တယ်” ဟု ဂလိုဘယ်လ်တိုင်းမ်သတင်းစာက ကိုးကားရေးသားထားခဲ့သည်။

တရုတ်တို့သည် ယခင်လများကတည်းက တောင်တရုတ်ပင်လယ်ပြင်ထဲ၌ ကျွန်းတုများ တည်ဆောက်ခဲ့ပြီး အရပ်ဘက်နှင့်စစ်ဘက်အဆောက်အအုံပစ္စည်းများထားရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly