ဘိုင်ယန်အသင်းထံမှ ဂေါ့ဇီကို ပြန်လည်ခေါ်ယူရန် ဒေါ့တ်မွန်အသင်း သဘောတူညီမှု ရရှိ

ဘိုင်ယန်အသင်းထံမှ ဂေါ့ဇီကို ပြန်လည်ခေါ်ယူရန် ဒေါ့တ်မွန်အသင်း သဘောတူညီမှု ရရှိ

ဇူလိုင် ၁၅၊ ဂျာမနီ  ။              ။ ဂျာမနီလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား မာရီယိုဂေါ့ဇီကို ဘိုင်ယန်မြူးနစ်အသင်းထံမှ ဒေါတ်မွန်အသင်းက ပြန်လည်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဟု ဂျာမန်နာမည်ကြီးသတင်းစာ Bild က ဖော်ပြခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ၂၀၁၃ ခုနှစ်က ဂေါ့ဇီကို ဒေါ့တ်မွန်အသင်းထံမှ ပြောင်းရွှေ့ကြေး ယူရို ၃၇ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘိုင်ယန်အသင်းက ဂေါ့ဇီအတွက်   ပြောင်းရွှေ့ကြေးယူရို ၂၇ သန်းအလိုရှိနေသည်။ သို့သော် ဒေါ့တ်မွန်အသင်းက ယူရို ၂၃ သန်းဖြင့် ကမ်းလှမ်းထားရာ အပြောင်းအရွှေ့ဖြစ်လာမည်ဟု နှစ်သင်းစလုံးက မျှော်လင့်နေသည်။

ဂေါ့ဇီသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ပထမကစားသမားနေရာရရန် ရုန်းကန်နေရသူ ဖြစ်သည်။ ဘိုင်ယန်သို့ ရောက်စ ရာသီနှစ်ခုက ဂိုး ၃၀ သွင်းနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီက ခြောက်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags