ဒေါ့တ်မွန်နောက်ခံလူ ဆူဘိုတစ်ကို ခေါ်ယူရန် မစ်ဒယ်ဘရော့အသင်း သဘောတူညီမှု ရရှိ

ဒေါ့တ်မွန်နောက်ခံလူ ဆူဘိုတစ်ကို ခေါ်ယူရန် မစ်ဒယ်ဘရော့အသင်း သဘောတူညီမှု ရရှိ

ဇူလိုင် ၁၅၊ အင်္ဂလန်  ။                   ။ ဒေါ့တ်မွန်အသင်းမှ ဆားဘီးယားနောက်ခံကစားသမား ဆူဘိုတစ်ကို သုံးနှစ်စာချုပ်ဖြင့် မစ်ဒယ်ဘရော့အသင်းက ခေါ်ယူရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဆူဘိုတစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၈ သန်းဖြင့် ခေါ်ယူရန် သဘောတူညီခဲ့သော်လည်း ဆူဘိုတစ်မှာ ၂၀၁၃ ခုနှစ်ကတည်းက ဆားဘီးယားလက်ရွေးစင်အသင်းတွင် ကစားခွင့်မရတော့သည့်အတွက် အင်္ဂလန်တွင် အလုပ်လုပ်ခွင့် ပါမစ်ရရှိရန် အခက်အခဲဖြစ်လျက်ရှိသည်။

ဆူဘိုတစ်သည် ၂၀၀၈ ခုနှစ်က မိန့်ဇ်အသင်းမှ ဒေါ့တ်မွန်အသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ဒေါ့တ်မွန်အသင်း ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့ရာတွင် အဓိကနောက်ခံလူတစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

သို့သော် ပြီးခဲ့သည့်ရာသီက ဘာစီလိုနာမှ နောက်ခံလူ ဘာထရာရောက်ရှိလာသည့်အတွက် ဆူဘိုတစ်မှာ ပထမကစားသမားနေရာ ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။

ပရီးမီးယားလိဂ်တန်းတက် မစ်ဒယ်ဘရော့အသင်းသည် လက်ရှိတွင် ကစားသမားငါးဦး ခေါ်ယူထားပြီး ဆောက်သမ်တန်မှ ဥရုဂွေးကွင်းလယ်တိုက်စစ်ကစားသမား ဂက်စ်တွန်ရာမီရက်ဇ်ကို ခေါ်ယူရန်လည်း သဘောတူညီမှု ရရှိထားပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly