ချင်းတွင်းမြစ်ရေဝင်ကာ ကနီတွင် စာသင်ကျောင်း ရကျောင်း ပိတ်ထားရ

ချင်းတွင်းမြစ်ရေဝင်ကာ ကနီတွင် စာသင်ကျောင်း ရကျောင်း ပိတ်ထားရ

မုံရွာ၊ ဇူလိုင် ၁၄ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ရေဝင်သဖြင့် စာသင်ကျောင်း အချို့ ပိတ်ထားရကြောင်း ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

ချင်းတွင်းမြစ်ရေဝင်ခဲ့သဖြင့် ကနီမြို့နယ် အတွင်းရှိ အိုင်တောင်ရွာမ၊ အိုင်တောင်တောင်ရွာ၊ ယင်းပိုးရွာ၊ ထူးပေါက်ရွာ၊ လက်ပံစုရွာ၊ ယင်းရွာ၊ ယင်းယိမ်ရွာတို့မှ စာသင်ကျောင်း(၇)ကျောင်းအား ပိတ်ထားရခြင်းဖြစ်သည်။

"ကနီမြို့နယ်က ချင်းတွင်းမြစ်ရေ အနည်းနဲ့ အများ နှစ်စဉ်ဝင်ပါတယ်။ စာသင်ကျောင်းတွေလည်း ပိတ်ထားရတတ်ပါတယ်။"ဟု ကနီမြို့နယ် မဲဆန္ဒနယ်မြေ(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဇူလှိုင် ၁၄ ကပြောသည်။

ဇူလိုင် ၁၁ ရက်ကစတင်ကာ ယနေ့ ၁၄ ရက်အထိ ကျောင်းများ ပိတ်ထားရကြောင်း ကနီမြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်က ပြောသည်။

"ရွာတွေက အနိမ့်ပိုင်းထဲဆိုတော့ ရေဝင်တဲ့ စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။ လက်ရှိ ပိတ်ထားတဲ့ ကျောင်းစာရင်းကတော့ ခုနှစ်ကျောင်းလောက်ပဲရှိပါတယ်"ဟု ၎င်းက ပြောသည်။

ကနီမြို့နယ်တွင် စာသင်ကျောင်းပေါင်း (၁၄၀) ခန့်ရှိပြီး ယမန်နှစ်က ရေကြီးချိန်တွင် ကျောင်းပေါင်း (၂၄)ကျောင်း ပိတ်ခဲ့ရဖူးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly