နိုင်ငံသားများ စုစည်းညီညွတ်ကြရန် အိုဘားမား တိုက်တွန်း

နိုင်ငံသားများ စုစည်းညီညွတ်ကြရန် အိုဘားမား တိုက်တွန်း

ဇူလိုင် ၁၃ ။            ။ လူမျိုးပေါင်းစုံ ရှိနေသည့် အမေရိကန်နိုင်ငံသားများအနေဖြင့် ယနေ့အချိန်အခါတွင် တစ်ဦးနှင့်တစ်ဦးအကြား စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် နေထိုင်ကြရမည်ဖြစ်ကြောင်း သမ္မတ အိုဘားမားက တိုက်တွန်းပြောကြားသွားသည်။

Dallas မြို့၌ စနိုက်ပါသမားတို့၏ လက်ချက်ကြောင့် ရဲဝန်ထမ်းငါးဦးသေဆုံးခဲ့သည့်ဖြစ်စဉ်အပေါ် အောက်မေ့ပွဲအခမ်းအနားတစ်ရပ်ကို ဇူလိုင်လ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့ရာတွင် သမ္မတ အိုဘားမား တက်ရောက်လာခဲ့ပြီး အထက်ပါအတိုင်း ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတွင် လက်နက်ကိုင်အကြမ်းဖက်မှုများအပါအဝင် လူမျိုးရေးနှင့် နိုင်ငံရေး ပဋိပက္ခဖြစ်စဉ်များကြောင့် ထိခိုက်ခဲ့ရရမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်၌ မိမိတို့ နိုင်ငံသားအချင်းချင်းအကြား ယခင်ထက် ပိုမို၍ စုစည်းညီညွတ်မှုကို ပြသရမည်ဖြစ်ကြောင်း အိုဘားမားက တိုက်တွန်းပြောကြားသွားသည်။

" ခုချိန်မှာ အမေရိကန် နိုင်ငံသားတွေအနေနဲ့ အကျပ်အတည်းတစ်ခုအောက် ရောက်နေလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဖြစ်ထားခဲ့တဲ့ လူမျိုးရေးပိုင်းနဲ့ ဆက်နွယ်နေတဲ့ ပစ်ခတ်မှုတွေကြောင့်လည်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီစနစ်မှာ အက်ကွဲကြောင်းတွေ နက်နက်ရှိုင်းရှိုင်းရှိနေတယ်လို့ ပြောချင်ပြောကြပါလိမ့်မယ်၊ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော် ပြောချင်တာက ဒီ အချက်ကို ကျွန်တော်တို့ ပယ်ဖျက်ရပါလိမ့်မယ်ဆိုတာပါပဲ၊ ကျွန်တော်တို့အကြား သွေးကွဲတာတွေမျိုးတွေ ရှိဖို့ မလိုဘူးလို့ ကျွန်တော်ပြောချင်ပါတယ်" ဟု အိုဘားမားက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly