အယ်လ်ခမာတိုက်စစ်မှူး ဗင်းဆင့်ဂျန်ဆန်ကို စပါးအသင်းခေါ်ယူ

အယ်လ်ခမာတိုက်စစ်မှူး ဗင်းဆင့်ဂျန်ဆန်ကို စပါးအသင်းခေါ်ယူ

ဇူလိုင် ၁၃၊ လန်ဒန် ။           ။ စပါးအသင်းသည် ဟော်လန်ကလပ် အေဇက်အယ်လ်ခမာအသင်းမှ တိုက်စစ်မှူး ဗင်းဆင့်ဂျန်ဆန်ကို ပေါင် ၁၈.၅ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂျန်ဆန်သည် ပြီးခဲ့သည့် တနင်္လာနေ့က ဆေးစစ်မှုများအောင်မြင်ခဲ့ပြီး အင်္ဂါနေ့က စာချုပ်ချုပ်ဆိုခဲ့သည်။ စပါးအသင်းသည် ဂျန်ဆန်အတွက် ပေါင် ၁၆.၈ သန်းကို ကနဦးပေးချေမည်ဖြစ်ပြီး ကစားသမား၏စွမ်းဆောင်ရည်အပေါ်မူတည်၍ လက်ကျန်ငွေကို ဆက်လက်ပေးချေသွားမည် ဖြစ်သည်။

စာချုပ်သက်တမ်းမှာ လေးနှစ်ဖြစ်ပြီး အခြေအနေအရ တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိမည် ဖြစ်သည်။

ဆောက်သမ်တန်ကွင်းလယ်လူ ဝမ်ယာမာပြီးနောက် ဗင်းဆင့်ဂျန်ဆန်သည် ယခုနှစ်ရာသီတွင် စပါးနည်းပြပိုချက်တီနို၏ ဒုတိယမြောက်ခေါ်ယူမှု ဖြစ်သည်။

ဗင်းဆင့်ဂျန်ဆန်သည် ပြီးခဲ့သည့်ရာသီကမှ ဟော်လန်အဆင့်မြင့်တန်းတွင် စတင်ကစားခဲ့သူဖြစ်ပြီး ၃၄ ပွဲတွင် ၂၇ ဂိုးသွင်းယူနိုင်ခဲ့သည်။ ဟော်လန်လက်ရွေးစင်အသင်းအတွက် ၅ ပွဲပါဝင်ကစားထားရာတွင်လည်း ၃ ဂိုးသွင်းယူထားနိုင်သူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly