ယမန်နှစ်က အလုပ်သမားအင်အား ၁၄ ရာခိုင်နှုန်းလျှော့ချခဲ့ရသည့် မိုက်ခရိုဆော့ဖ်က အလုပ်သမား ရ၈၀၀၀ ကို ထပ်မံလျှော့ချမည်

ယမန်နှစ်က အလုပ်သမားအင်အား ၁၄ ရာခိုင်နှုန်းလျှော့ချခဲ့ရသည့် မိုက်ခရိုဆော့ဖ်က အလုပ်သမား ရ၈၀၀၀ ကို ထပ်မံလျှော့ချမည်

မိုက်ခရိုဆော့ဖ်ကုမ္ပဏီက အလုပ်သမားပေါင်း ၇၈၀၀၀ ကို လျှော့ချနေရပြီဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်စီအီးအို Satya Nadella က ပြောသည်။

Nokia ၏ စမတ်ဖုန်းလုပ်ငန်းကို ဝယ်ယူခြင်း ကုန်ကျစရိတ်အကျိုးဆက်ကြောင့် ယခုသုံးလပတ်တွင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံ လိုအပ်ငွေ ပေါ်ပေါက်နေမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွင်းက မိုက်ခရိုဆော့ဖ်က Nokia ၏ ဈေးကွက်ကတိမ်းကပါးဖြစ်နေသော စမတ်ဖုန်းလုပ်ငန်းကို ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။ ထိုအချိန်မှစကာ ယင်းလုပ်ငန်း ပြန်လည်ထူမတ်ရေးအတွက် မိုက်ခရိုဆော့ဖ်က လုံးပမ်းနေ ရခြင်းဖြစ်သည်။

ကုမ္ပဏီအနေဖြင့် ဖုန်းဟတ်ဝဲများကို အဆုံးရှုံးခံကာရောင်းချနေရကြောင်း၊ စက်တစ်ခုလျှင် ၀ ဒသမ ၁၂ ဒေါ်လာအဆုံးရှုံးခံနေရ သဖြင့် များစွာထိခိုက်နေကြောင်း သုံးလပတ်အစီရင်ခံစာတွင် ဖော်ပြသည်။ တွက်ချက်ရလျှင် ဖုန်း ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ဖုန်းရောင်းချနိုင်ရန်အတွက် ကုန်ကျစရိတ် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ သုံးစွဲနေရခြင်းဖြစ်ည်။

ယခုအလုပ်လျှော့ချခြင်းကို စမတ်ဖုန်လုပ်ငန်းအပါအဝင် မိုက်ခရိုဆော့ဖ်၏ ဖုန်းဟတ်ဝဲများထုတ်လုပ်ရာလုပ်ငန်းတွင် အများစု လျှော့ချသွားမည်ဖြစ်ကြောင်း နာဒယ်လာက ပြောခဲ့သည်။

အလုပ်အကိုင်လျှော့ချခြင်းကို လာမည့်လအနည်းငယ်တွင် လုပ်ဆောင်သွားရတော့မည်ဖြစ်ကြောင်းလည်း နာဒယ်လာက ဖြည့် စွက်ပြောသည်။

ယခုအလုပ်အကိုင်လျှော့ချမှုသည် နည်းပညာသမိုင်းတွင်အကြီးအဆုံးဖြစ်ခဲ့သည့် ယမန်နှစ်က အလုပ်သမားအင်အား ၁၄ ရာခိုင်နှုန်း (၁၈၀၀၀) လျှော့ချခဲ့မှုနောက်ပိုင်း ထပ်မံပေါ်ပေါက်ည့် အလုပ်အကိုင်လျှော့ချမှုပင်ဖြစ်သည်။

Ref: BUSINESS INSIDER

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly