ယူရို ၂၀၁၆ ၏အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် ဂါရတ်ဘေးလ် မပါ၀င်

ယူရို ၂၀၁၆ ၏အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် ဂါရတ်ဘေးလ် မပါ၀င်

ဇူလိုင် ၁၂၊ ပြင်သစ် ။            ။ ယူရို ၂၀၁၆ ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမား ၁၁ ဦးကို ယူအီးအက်ဖ်အေ နည်းစနစ်အဖွဲ့က ရွေးချယ်ခဲ့ရာတွင် ဝေးလ်အသင်းတိုက်စစ်ကစားသမား ဂါရတ်ဘေးပါဝင်ခြင်း မရှိခဲ့ပေ။

ဘေးလ်သည် သွင်းဂိုးသုံးဂိုးသွင်းပြီး ဝေးလ်အသင်းကို ဆီမီးဖိုင်နယ်အထိရောက်အောင်ဦးဆောင် ကစားနိုင်ခဲ့သော်လည်း အကောင်းဆုံးအသင်းတွင် ကျန်ရစ်ခဲ့ရသည်။

အကောင်းဆုံးအသင်းကို ၄-၂-၃-၁ ကစားကွက်ဖြင့် ရွေးချယ်ခဲ့ရာတွင် ဂိုးသမားနေရာအတွက် ပေါ်တူဂီဂိုးသမား ပက်ထရီစီယို၊ နောက်ခံလူလေးဦးနေရာအတွက် ဂျာမနီနောက်ခံ ကစားသမားများဖြစ်သည့်  ဘိုတန်နှင့် ကင်မစ်၊ ပေါ်တူဂီနောက်ခံကစားသမားအများဖြစ်သောပီပီနှင့် ရာဖယ်ဂွါရီယိုတို့ ရွေးချယ်ခံခဲ့ရသည်။

ကွင်းလယ်အဖျက်နှစ်ဦးနေရာတွင် ဝေးလ်ကွင်းလယ်ကစားသမား ဂျိုးအလန်နှင့် ဂျာမနီကွင်းလယ်လူ တိုနီခရူးစ်၊ ကွင်းလယ်အတက်သုံးဦးနေရာတွင် ဂိုးသွင်းအများဆုံးကစားသမား ဂရစ်ဇ်မန်၊ ပေယက်နှင့် ရမ်ဆေးတို့ ရွေးချယ်ခံရပြီး တိုက်စစ်မှူးနေရာတွင် စီရော်နယ်ဒိုကို ရွေးချယ်ခဲ့သည်။

ယူအီးအက်ဖ်အေ၏ နည်းစနစ်အဖွဲ့တွင် ဆာအဲလက်စ်ဖာဂူဆန်၊ ဒေးဗစ်မိုယက်စ်၊ ဆောက်ဂိတ်စသည့် နည်းပြများပါဝင်ခဲ့ပြီး အကောင်းဆုံးကစားသမားများကို ရွေးချယ်ပေးခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly