ဇန်နဝါရီနောက်ပိုင်း အိုင်အက်စ်တို့ သိမ်းပိုက်ထားသည့် နယ်မြေ ၁၂ ရာခိုင်နှုန်း လက်လွတ်ဆုံးရှုံး

ဇန်နဝါရီနောက်ပိုင်း အိုင်အက်စ်တို့ သိမ်းပိုက်ထားသည့် နယ်မြေ ၁၂ ရာခိုင်နှုန်း လက်လွတ်ဆုံးရှုံး

ဘဂ္ဂဒက်၊ ဇူလိုင် ၁၁ ။                ။ ၂၀၁၆ ခုနှစ်၏ နှစ်ဝက်အတွင်း အီရတ်နှင့် ဆီးရီးယားတွင် သိမ်းပိုက်ထားသည့် အိုင်အက်စ်တို့၏ နယ်မြေ ၁၂ ရာခိုင်နှုန်း လက်လွတ်ဆုံးရှုံးရကြောင်း စစ်ရေးအကြံပေး အဖွဲ့တစ်ဖွဲ့က ပြောသည်။

IHS အဖွဲ့က လွန်ခဲ့သောနှစ်နှစ်က အိုင်အက်စ်တို့၏ အစ္စလာမ်မစ်နိုင်ငံတော်အဖြစ် သတ်မှတ်နယ်မြေပိုင်းများက စတုရန်းကီလိုမီတာ ၆၈၃၀၀ (စတုရန်းမိုင် ၂၆၃၇၀ မိုင်) အထိ နည်းပါးကျဆင်းသွား ခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့ နယ်မြေလက်လွတ်ဆုံးရှုံးမှုကြောင့် အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့တွင် အရပ်သားပစ်မှတ်များကို အိုင်အက်စ်တို့က ပိုမိုတိုက်ခိုက်လာကြောင်း ၎င်းအဖွဲ့က ဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်းကလည်း ဘဂ္ဂဒက်တွင် အိုင်အက်စ်တို့၏ အသေခံဗုံးခွဲမှုတစ်ရပ်အတွင်း လူပေါင်း ၃၀၀ နီးပါး သေဆုံးသည်။

ထိုဗုံးခွဲတိုက်ခိုက်မှုက အိုင်အက်စ်တို့ သိမ်းပိုက်ထားသော ဖလူဂျာမြို့အား ပြန်လည်လက်ရသိမ်းပိုက်နိုင်ပြီဟု အီရတ်အစိုးရကြေညာပြီး ရက်ပိုင်းအတွင်း ဖြစ်ပွာလာခြင်းလည်းဖြစ်သည်။

အိုင်အက်စ်တို့၏ ကလာဖိရ်(အစ္စလာမ်မစ်နိုင်ငံတော်) တည်ထောင်သည် ကြေညာအပြီး ခြောက်လအကြာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက အိုင်အက်စ်တို့ အီရတ်နှင့် ဆီးရီးယားတွင် လက်ရသိမ်းပိုက် ထားနိုင်ခဲ့သည့် နယ်မြေအကျယ်အဝန်းက စတုရန်းကီလိုမီတာ ၉၀၈၀၀ ရှိခဲ့သည်။

ယင်းနှစ် ဒီဇင်ဘာတွင် အိုင်အက်စ်တို့နယ်မြေက ၁၂၈၀၀ စတုရန်းကီလိုမီတာ ရာနှုန်းအားဖြင့် ၁၄ ရာခိုင်နှုန်းဆုံးရှုံးရကာ စတုရန်းကီလိုမီတာ ၇၈၀၀၀ သာ သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်း ၉၇၀၀ စတုရန်းကီလိုမီတာ ထပ်မံဆုံးရှုံးရကာ လက်ရှိတွင် အိုင်အက်စ်တို့ သိမ်းပိုက်မြေမှာ ၆၈၃၀၀ စတုရန်းကီလိုမီတာသာ ရှိတော့ကြောင်း IHS က ကြေညာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly