တရုတ်ရှယ်ယာစျေးကွက်ပျက်ခြင်းကြောင့် အာရှရှယ်ယာစျေးများပါ ကျဆင်းလာ

တရုတ်ရှယ်ယာစျေးကွက်ပျက်ခြင်းကြောင့် အာရှရှယ်ယာစျေးများပါ ကျဆင်းလာ

တရုတ်ပြည်မကြီးက ရှယ်ယာဈေးများက ဇူလိုင် ၈ ရက်အထိ ဆက်လက်ကျဆင်းမှုဆီ ဦးတည်နေရာ အာရှရှိ ကျန်ဈေးကွက်များ တွင်လည်း ဈေးကွက်ကျဆင်းမှုများဆီ ဦးတည်လျက်ရှိနေသည်။

ဈေးကွက် အသက်ရှုချောင်ရေးအတွက် လက်ကြီးရင်းနှီးမြုပ်နှံသူများကို ရှယ်ယာရောင်းချခြင်းများမှ တားမြစ်ထားမှုများကဲ့သို့ စည်းကြပ်မှုများ လုပ်ဆောင်နေလင့်ကစား စံအမှတ်ဖြစ်သည့် ရှန်ဟိုင်းအညွန်းကိန်းတါင် ၃ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး အညွန်းကိန်း ၃၃၈၀ ဒသမ ၃၁ သို့ရောက်ရှိနေသည်။

ပြီးခဲ့သည့်လအတွင်း တရုတ်ရှယ်ယာတန်ဖိုးက ၃၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့သည်။

ဟောင်ကောင်ရှယ်ယာဈေးကွက် Hang Seng ဈေးကွက်က အညွန်းကိန်းတွင် အစောပိုင်းကုန်သွယ်မှု၌ ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး အညွန်းကိန်း ၂၃၃၆၉ ဒသမ ၂၃ သို့ ရောက်ရှိခဲ့သည်။

ဈေးကွက်ပြန်လည်အဖတ်ဆယ်နိုင်ရေးအတွက် တရုတ်အစိုးရက ချေးငွေလိုအပ်ချက်ဖြေလျှော့ပေးရန်ကြိုးစားခြင်းဖြင့်လည်း ဇူလိုင် ၉ ရက်မှာ ဆက်လက်လုပ်ဆောင်လာခဲ့နေသည်။

တရုတ်ဈေးကွက်ကျဆင်းခြင်း ရိုက်ခတ်မှုကြောင့် ဂျပန်က Nikkei 225 ရှယ်ယာဈေးကွက်အညွန်းကိန်းတါင် ၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး အညွန်းကိန်း ၁၉၂၉၉ ဒသမ ၆၇ သို့ ရောက်ခဲ့သည်။ ရင်းနှီးမြုပ်နှံသူများက တရုတ်ရှယ်ယာဈေးကွက် ပျက်ခြင်းနှင့် ယူရိုဇုန်က ဂရိစီးပွားရေးအကျပ်အတည်းတို့အပေါ် စိုးရိမ်ပူပန်မှုကြောင့် ယန်းငွေများ ပိုမိုဝယ်ယူလာခဲ့ရာ ရှယ်ယာဈေးယခုကဲ့သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly