ပန်းရောင်ကတ်ကိုင်သူများ မြန်မာနိုင်ငံ သို့ခေတ္တပြန်ပါက သံရုံးထောက်ခံချက်အပြင် နယ်မြေ အလုပ်သမားဌာန ထောက်ခံစာနှင့် အလုပ်ရှင် ထောက်ခံစာ လိုအပ်

ပန်းရောင်ကတ်ကိုင်သူများ မြန်မာနိုင်ငံ သို့ခေတ္တပြန်ပါက သံရုံးထောက်ခံချက်အပြင် နယ်မြေ အလုပ်သမားဌာန ထောက်ခံစာနှင့် အလုပ်ရှင် ထောက်ခံစာ လိုအပ်

ချင်းမိုင်၊ ဇူလိုင် ၈ ။      ။ ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ်ကိုင်ဆောင်၍ အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမား များ မြန်မာနိုင်ငံ ပြန်ပါက မြန်မာသံရုံး၏ ထောက်ခံချက်အပြင် နယ်မြေ အလုပ်သမားဌာန ထောက်ခံစာနှင့် အလုပ်ရှင် ထောက်ခံ စာ ပူးတွဲ ယူဆောင်သွားကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇူလိုင် ၆ ရက်က ထပ်မံ အသိပေးလိုက် သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက ယာယီနေထိုင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများ သည် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ယူနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရာတွင် အရေးကြီး သည့် မှတ်ပုံတင်နှင့် သန်းခေါင် စာရင်း ပြုလုပ်ရန် မြန်မာနိုင်ငံသို့ ပြန်ဝင်သူများကို အသိပေးလိုက်ခြင်း ဖြစ်သည်။

ထိုသူများသည် သံရုံး၏ ထောက်ခံစာဖြင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်ရာတွင် မိမိတို့ အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန မြို့နယ်ရုံး၏ ထောက်ခံစာနှင့် အလုပ်ရှင်၏ ထောက်ခံစာများ ပူးတွဲယူဆောင် သွားကြပါရန်လည်း အသိပေးထားသည်။

၂၀၁၅ ခုနှစ် မတ်လမတိုင်မီ မြန်မာနိုင်ငံကူးလက်မှတ်များ ထုတ်ပေးရန် မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့ အကြား သဘောတူညီမှု ရရှိထားသော်လည်း ၎င်းအစီအစဉ် ပျက်သွားခဲ့သည်။ ထို့ကြောင့် ထိုင်းအစိုးရက လာမည့် ၂၀၁၆ ခုနှစ်အထိ ပန်းရောင်ကတ်ကို တစ်နှစ်စာ သက်တမ်း ပြန်လည် ထုတ်ပေးခဲ့သည်။

အထောက်အထား မပြည့်စုံသော အလုပ်သမားများသည် ပန်းရောင်ကတ်နှင့် ခရီးသွားထောက်ခံစာ ယူဆောင်၍ နေရပ်ပြန် ကာ မြန်မာနိုင်ငံစိစစ်ရေး မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း ရယူရန် ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၆ ရက်က ထုတ်ပြန်ကြေညာ ခဲ့သည်။

၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်က စတင်ထုတ်ပေးနေသော ပန်းရောင်ကတ်ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံ သား စုစုပေါင်း ၆ သိန်းကျော် ရှိသည်။

ထိုပန်းရောင်ကတ် ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မိမိတို့ နေထိုင် လုပ်ကိုင်သည့် သက်ဆိုင် ရာထိုင်းနိုင်ငံ၏ မြို့နယ် အလုပ်သမားရုံးတွင် တောင်းယူရမည့် နယ်မြေ ဖြတ်ကျော် ခွင့်စာကိုသိရှိနိုင်ရန် ပူးတွဲဖော်ပြလိုက်ခြင်းဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly