ယူရို ၂၀၁၆ ၏အကောင်းဆုံးလူငယ်ကစားသမားဆုကို ရီနာတိုဆန်းချက်ဇ်ရရှိ

ယူရို ၂၀၁၆ ၏အကောင်းဆုံးလူငယ်ကစားသမားဆုကို ရီနာတိုဆန်းချက်ဇ်ရရှိ

ဇူလိုင် ၁၁၊ ပြင်သစ် ။                ။ ယူရို ၂၀၁၆ ပြိုင်ပွဲကြီး၏ အကောင်းဆုံးလူငယ်ကစားသမားဆုကို ပေါ်တူဂီအသင်းမှ တောင်ပံကစားသမား ရီနာတိုဆန်းချက်ဇ်က ရရှိသွားခဲ့သည်။

ထိုဆုကို ယူအီးအက်ဖ်အေ၏နည်းစနစ်အဖွဲ့က ၁၉၉၄ ဇန်နဝါရီလ ၁ ရက်နေ့နောက်ပိုင်း မွေးဖွားသူများကို ရွေးချယ်ပေးအပ်ခြင်း ဖြစ်သည်။ ထိုနည်းစနစ်အဖွဲ့တွင် ဖာဂူဆန်ကဲ့သို့ ဝါရင့်နည်းပြကြီးများ ပါဝင်ကြသည်။

ဆန်းချက်ဇ်သည် ယူရိုပြိုင်ပွဲတွင် ပေါ်တူဂီအသင်းနှင့်အတူ ပွဲစဉ်တိုင်းအကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး ပိုလန်နှင့်ပွဲတွင် ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ခရိုအေးရှား၊ ပိုလန်တို့နှင့် ကစားခဲ့သည့် ပွဲစဉ်များတွင် အကောင်းဆုံးကစားသမားဆုရရှိခဲ့သည်။

ဆန်းချက်ဇ်သည် အသက် ၁၈ နှစ်နှင့် ၃၂၈ ရက်သာ ရှိသေးသည့်အတွက် ယူရိုဗိုလ်လုပွဲကို ကစားဖူးသည့် အသက်အငယ်ဆုံးကစားသမား၊ ယူရိုချန်ပီယံဆုကို ရရှိသည့်အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ဆန်းချက်ဇ်သည် ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ကိုးလ်မန်း၊ ပေါ်တူဂီအသင်းဖော် နောက်ခံလူ ရာဖယ်ဂွါရီယိုတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ဘင်ဖီကာတောင်ပံကစားသမား ဆန်းချက်ဇ်ကို ဘိုင်ယန်မြူးနစ်အသင်းက ယူရိုပြိုင်ပွဲမတိုင်ခင်ကတည်းက ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းဖြင့် ခေါ်ယူထားပြီး ဖြစ်သည်။

Ref : UEFA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly