တောင်ဆူဒန်တိုက်ပွဲများ ချက်ချင်းရပ်ရေး လုံခြံုရေးကောင်စီ တိုက်တွန်း

တောင်ဆူဒန်တိုက်ပွဲများ ချက်ချင်းရပ်ရေး လုံခြံုရေးကောင်စီ တိုက်တွန်း

ကုလသမဂ္ဂ၊ ဇူလိုင် ၁၁ ။              ။ တောင်ဆူဒန်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းချက်ချင်းရပ်ရန်နှင့် အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပွားအောင် တားဆီးကြရန် စစ်မက်ဖြစ်ပွားနေသော လက်နက်ကိုင်အုပ်စုများသို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်သည်။

ကောင်စီက တညီတညွတ်တည်းထုတ်ပြန်ချက်တွင် ပြင်းထန်သည့်စကားလုံးများဖြင့် တောင်ဆူဒန်တိုက်ပွဲများကို ရှုတ်ချထားပြီး ကုလသမဂ္ဂနေရာများ တိုက်ခိုက်ခံရခြင်းများအတွက်လည်း စိတ်ဆိုးအမျက်ထွက်မှုကို ဖော်ပြထားသည်။

တုံ့ပြန်မှုအနေဖြင့် နောက်ထပ်ငြိမ်းချမ်းရေးထိန်းသိမ်းရေးသမားထပ်ပို့ရန်လည်း တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက် စတင်ဖြစ်ပွားသည့် သူပုန်အုပ်စုများကြား တိုက်ပွဲများကြောင့် လူရာပေါင်းများစွာသေဆုံးကြောင်း သိရသည်။

မြို့တော် ဂျူဘာတွင် ခံစစ်ဖြင့် တိုက်ခိုက်နေရသည့် သမ္မတဆာလဗာကီယာကို အစိုးရတပ်များက ကျောထောက်နောက်ခံပြုပေးထားကြောင်း ဒုတိယသမ္မတ ရိခ်မာချာက ပြောသည်။

နိုင်ငံက စစ်ပွဲအတွင်း ပြန်ရောက်နေပြီးဖြစ်ကြောင်း မာချာ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီသို့ ပြောသော်လည်း ပြန်ကြားရေးဝန်ကြီး မိုက်ကယ်မူကိုင်းကမူ စစ်ပွဲသတင်းတွေက အကုန်အစင် မမှန်ကန်ကြောင်း ပြောသည်။

ဇူလိုင် ၉ ရက်တွင် တိုက်ခိုက်မှုများ အေးစပြုလာခဲ့သော်လည်း ဇူလိုင် ၁၀ ရက် နံနက်တွင် တိုက်ပွဲများက ပြန်လည်ဖြစ်ပွားပြန်ခြင်းဖြစ်သည်။

ကုလသမဂ္ဂနေရာများအတွင်း လာရောက်ခိုလှုံကြသူ ပြည်သူရာပေါင်းများစွာရှိကြောင်း ကုလသမဂ္ဂမစ်ရှင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly