ကမ္ဘောဒီးယားက အစိုးရအား ဝေဖန်သည့် ထင်ရှားသော နိုင်ငံရေးသုံးသပ်သူ ပစ်သတ်ခံရ

ကမ္ဘောဒီးယားက အစိုးရအား ဝေဖန်သည့် ထင်ရှားသော နိုင်ငံရေးသုံးသပ်သူ ပစ်သတ်ခံရ

ဖနွမ်းပင်၊ ဇူလိုင် ၁၀ ။             ။ ကမ္ဘောဒီးယားနိုင်ငံတွင် အစိုးရအား ပြောင်ပြောင်မြောက်မြောက်ဝေဖန်သုံးသပ်၍ ထင်ရှားသည့် နိုင်ငံရေးဝေဖန်သူတစ်ဦး ဇူလိုင် ၁၀ ရက် နံနက်က ကုန်စုံဆိုင်တစ်ဆိုင်တွင်း ပစ်သတ်ခံရကာ သေဆုံးကြောင်း ရဲက ပြောသည်။

နိုင်ငံတွင်း သဘောထားတင်းမားသည့် ဝန်ကြီးချုပ်ဟွန်ဆန်နှင့် ၎င်းတို့အား ဝန်ကြီးချုပ်က ဖြိုခွင်းရန် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည့် အတိုက်အခံများကြား နိုင်ငံရေးတင်းမာမှုများ   မြင့်တက်နေစဉ် အသက် ၄၆ နှစ်ရှိ နိုင်ငံရေးသုံးသပ်သူ ကမ်လေ ပစ်သတ်ခံရခြင်းလည်းဖြစ်သည်။

ထင်ရှားသည့် နိုင်ငံရေးသုံးသပ်ဟောပြောသူနှင့် အခြေခံလူတန်းစားအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကမ်လေသည် ဆိုင်ထဲ ကော်ဖီသောက်နေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

"နံနက် ၉ နာရီလောက်မှာ ပစ်သတ်ခံရတာဖြစ်ပါတယ်။"ဟု ရဲဌာန ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီသို့ ပြောသည်။

ကမ်လေအား ပစ်သတ်မှုဖြင့် အသက် ၃၈ နှစ်အရွယ် သံသယရှိသူအား အနီးဝန်းကျင်၌ပင် ဖမ်းမိပြီး အကြွေးမဆပ်သဖြင့် ပစ်သတ်ခြင်းဖြစ်သည်ဟု ဝန်ခံကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly