မြန်မာအမျိုးသမီးအသင်း အာဆီယံချန်ပီယံရှစ်တွင် ဗိုလ်စွဲနိုင်ဟု ထိုင်းနည်းပြ သုံးသပ်

မြန်မာအမျိုးသမီးအသင်း အာဆီယံချန်ပီယံရှစ်တွင် ဗိုလ်စွဲနိုင်ဟု ထိုင်းနည်းပြ သုံးသပ်
သတင်းစာရှင်းလင်းပွဲတွင် မြန်မာအမျိုးသမီးအသင်း နည်းပြနှင့် ထိုင်းအမျိုးသမီးအသင်း နည်းပြတို့ကို တွေ့ရစဉ် (ဓါတ်ပုံ MFF)

ရန်ကုန်၊ ဇူလိုင် ၉ ။              ။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်း ချန်ပီယံဖြစ်နိုင်ချေရှိသည်ဟု ထိုင်းအမျိုးသမီးဘောလုံးအသင်းနည်းပြ စပန်ဆာကပြောသည်။

အင်္ဂလန်လူမျိုးနည်းပြ စပန်ဆာမှာ ထိုင်းအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းကို ၂၀၁၆ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး မြန်မာအသင်းနှင့်ခြေစမ်းပွဲမကစားမီတွင် တရုတ်လက်ရွေးစင်အသင်းနှင့်ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ ၆-ဝဂိုး၊ ၃-ဝဂိုးများဖြင့် ရှုံးနိမ့်ခဲ့သည်။ “မြန်မာအမျိုးသမီးအသင်းက အာဆီယံမှာထိပ်တန်းအသင်းပါ။ လာမယ့် အာဆီယံပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ချေ ရှိတဲ့အသင်းတစ်သင်းဖြစ်ပြီး ကမ္ဘာ့အဆင့်နည်းပြတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်သိထားသလောက် မြန်မာအသင်းမှာ အတွေ့အကြုံရင့်တဲ့ကစားသမားဟောင်းတွေနဲ့ လူငယ်သွေးသစ်ကစားသမားတွေပေါင်းစပ်ထားပါတယ်။ ထိပ်သီးအသင်းဖြစ်တဲ့အပြင်အိမ်ရှင်လည်းဖြစ်တာကြောင့် သတိထားရပါမယ်” ဟု စပန်ဆာကပြောသည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းမှာ အာဆီယံချန်ပီယံရှစ်တွင် ချန်ပီယံနှစ်ကြိမ်ဖြစ်ဖူးပြီး ဒုတိယသုံးကြိမ်ရဖူးကာ ထိုင်း၊ ဗီယက်နမ်တို့နှင့်အတူ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ မြန်မာအမျိုးသမီးအသင်းမှာ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စု(ခ)တွင် တီမော၊ မလေးရှား၊ သြစတြေးလျတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ဇူလိုင် ၂၇ရက်တွင် တီမောအသင်းနှင့်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly