ဟံသာဝတီနောက်ခံလူ အောင်ဇော် ဒဏ်ရာကြောင့် ရာသီကုန်အထိ နားရဖွယ်ရှိ

ဟံသာဝတီနောက်ခံလူ အောင်ဇော် ဒဏ်ရာကြောင့် ရာသီကုန်အထိ နားရဖွယ်ရှိ
ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိနေသည့် ဟံသာဝတီအသင်းခေါင်းဆောင်အောင်ဇော် (ဓါတ်ပုံ MFF)

ရန်ကုန်၊ ဇူလိုင် ၉ ။             ။ ဟံသာဝတီယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင်နောက်ခံလူ အောင်ဇော်မှာ ဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ် ရှိနေသည်။

အောင်ဇော်မှာ ဒူးဒဏ်ရာခံစားနေရပြီး လက်ရှိအချိန်တွင်ယင်းဒဏ်ရာကြောင့် အနားယူနေရသလို ယခုတစ်ပတ်ကစားခဲ့သည့် ရခိုင်ယူနိုက်တက်နှင့်ပွဲကိုလည်း လွဲချော်ခဲ့သည်။ “အောင်ဇော့်ဒူးဒဏ်ရာက ကြာပါပြီ။ တစ်ချို့ပွဲတွေမှ သူဒဏ်ရာကြောင့် ဝင်မကစားနိုင်တာတွေလည်းရှိပါတယ်။ ဒီတစ်ခါတော့ နားရမယ့်ကာလနည်းနည်းကြာနိုင်ပါတယ်။ ဘယ်အချိန်ပြန်ကစားနိုင်မယ် ဆိုတာတော့မပြောနိုင်သေးပါဘူး” ဟု ဟံသာဝတီယူနိုက်တက်အသင်း မန်နေဂျာ ဦးထွန်းထွန်းလင်းကပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းတွင် အသင်းခေါင်းဆောင် အောင်ဇော် ဒဏ်ရာကြောင့် ရခိုင်ယူနိုက်တက်နှင့်ပွဲကို လွဲချော် ခဲ့သလို ဘရာဇီးတိုက်စစ်မှူး အိုင်ဗန်နှင့် မြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမား   မောင်မောင်လွင် တို့လည်း ပွဲပယ်ပြစ်ဒဏ်ကြောင့်လွဲချော်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly