လီဗာပူးလ်အသင်းနှင့် နည်းပြဂျာဂင်ကလော့ပ် ခြောက်နှစ် စာချုပ်သစ်ချုပ်ဆို

လီဗာပူးလ်အသင်းနှင့် နည်းပြဂျာဂင်ကလော့ပ် ခြောက်နှစ် စာချုပ်သစ်ချုပ်ဆို

လီဗာပူးလ်၊ ဇူလိုင် ၉ ။            ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂင်ကလော့ပ်သည် အသင်းနှင့် ခြောက်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် လီဗာပူးလ်အသင်းသို့ရောက်လာသည့် ကလော့ပ်သည် ၂၀၁၈ အထိ ပေါင် ၁၅ သန်းတန် စာချုပ်ကို ကနဦးချုပ်ဆိုထားသူဖြစ်ပြီး ယခုပြင်ဆင်ချုပ်ဆိုလိုက်သောစာချုပ်အရ ၂၀၂၂ အထိ လီဗာပူးလ်တွင် ဆက်ရှိနေမည် ဖြစ်သည်။

“ကျွန်တော်တို့တွေမျှော်လင့်ထားတဲ့အောင်မြင်မှုတွေရဖို့ သူ့ခေါင်းဆောင်မှုက အရေးပါပါတယ်”ဟု လီဗာပူးလ်အသင်းပိုင်ရှင်များက ပြောသည်။

ကလော့ပ်သည်ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းကို လိဂ်ဖလားဗိုလ်လုပွဲနှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်အောင် ပို့ဆောင် ပေးနိုင်ခဲ့သည်။

အသက် ၄၉ နှစ်ရှိဂျာမန်လူမျိုးသည် ဒေါ့မွန်အသင်းကို ဘွန်ဒက်စ်လီဂါဖလားနှစ်လုံးရရှိအောင်နှင့် ၂၀၁၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly