မြင်းမူမြို့ရှိ စစ်ဘေးဒုက္ခသည် ကလေးငယ်များအတွက် အကူအညီလိုအပ်လျှက်ရှိ

မြင်းမူမြို့ရှိ စစ်ဘေးဒုက္ခသည် ကလေးငယ်များအတွက် အကူအညီလိုအပ်လျှက်ရှိ

မုံရွာ၊ ဇူလှိုင် ၉။               ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်ရှိ စစ်ဘေးဒုက္ခသည် ကလေးငယ်များအတွက် အကူအညီများ လိုအပ်လျှက် ရှိ ကြောင်း အဆိုပါ ဒုက္ခသည်စခန်းမှ သိရသည်။

မြင်းမူမြို့နယ်၊ နဘဲကြူးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းရှိ အဆိုပါဒုက္ခသည် စခန်းတွင် ရှမ်းပြည်နယ်အတွင်းမှ စစ်ဘေး သင့်ကလေးငယ်များရှိပြီး မိဘမဲ့ကလေးသူငယ်များ အများအပြား ပါဝင်ကြောင်း သိရသည်။

" လောက်ကိုင်၊ နန့်ခမ်း၊ နန့်မတူ နယ်မြေတွေက ကလေးတွေပါတယ်။ မူလတန်းကနေ ဆယ်တန်းအထိရှိပါတယ်။ နေ ရာ၊ ကျောင်းဆောင်၊ အဝတ်အထည်၊ ကစလို့ စားဝတ်နေရေးထိ အခက်အခဲ ရှိတယ်။" ဟု စခန်းတာဝန်ခံ ဆရာတော် ဦးခေမာသီရိက မိန့်သည်။

အဆိုပါ စစ်ဘေးဒုက္ခသည် စခန်းအား ဘုန်းတော်ကြီးများမှ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် တည်ဆောက်ထားပြီး အလှူရှင် များ၏ အကူအညီလည်း လိုအပ်လျှက်ရှိကြောင်း ဆရာတော်က မိန့်ကြားသည်။

"ဟိုမှာ ခနဏ စစ်ဖြစ်နေကြတယ်၊ အရမ်းလည်းကြောက်တယ်၊ စာသင်လို့လဲ မရဘူး၊ ဒါ့ကြောင့်မို့ ကျောင်းတက်ဖို့ ဒီကို လိုက်လာတာ၊ ဆရာမဖြစ်ချင်တယ်၊ ရွာပြန်ပြီးစာသင်ချင်လို့" ဟု ကွက်ခိုင်မြို့နယ်မှ လိုက်ပါလာသူ ကလေး ငယ်တစ် ဦးက ပြောသည်။

မြင်းမူးမြို့နယ်၊ နဘဲကြူးကျေးရွာမှ စစ်ဘေးဒုက္ခသည် ကလေးများ ခိုလှုံရာကျောင်းကို ၂၀၁၅ခုနှစ်တွင် စတင် ဖွင့်လှစ် ခဲ့ပြီး ကျောင်းတက်နေသူ (၁၇၄)ယောက်အား ဆရာ (၉)ယောက်နှင့် လည်ပတ်နေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly