ကလေးသူငယ် ထိမ်းမြားလက်ထပ်ခြင်းများကို ဂမ်ဘီးယားနှင့် တန်ဇန်နီးယားတွင် ကြီးလေးသော ပြစ်ဒဏ်ဖြင့် တားမြစ်

ကလေးသူငယ် ထိမ်းမြားလက်ထပ်ခြင်းများကို ဂမ်ဘီးယားနှင့် တန်ဇန်နီးယားတွင် ကြီးလေးသော ပြစ်ဒဏ်ဖြင့် တားမြစ်

တန်ဇန်နီးယား၊ ဇူလိုင် ၉ ။           ။ ဂမ်ဘီးယားနှင့် တန်ဇန်နီးယားတို့တွင် ကလေးသူငယ်များ လက်ထပ်ထိမ်းမြားခြင်းကို ကြီးလေးသောပြစ်ဒဏ်ဖြင့် ဥပဒေပြုကာ တားမြစ်ပြီဖြစ်သည်။

အသက် ၁၈ အောက် မိန်းကလေးများနှင့် လက်ထပ်သူမည်သူကိုမဆို ထောင်ဒဏ် နှစ်နှစ်ဆယ် ချမှတ်မည်ဖြစ်ကြောင်း ဂမ်ဘီးယားသမ္မတ ယာယာဂျမ်မတ်က ကြေညာသည်။

တန်ဇန်နီးယားတွင်လည်း ယောက်ကျားလေးနှင့် မိန်းကလေးများအတွက် အသက် ၁၈ မပြည့်သေးပါက  လက်ထပ်ခြင်းမပြုရန် အထက်တရားရုံးက ဥပဒေထုတ်ကာ တားမြစ်လိုက်သည်။

ဂမ်ဘီးယားတွင် အသက်မပြည့်သေးဘဲ အိမ်ထောင်ကျသည့် မိန်းကလေးဦးရေသည် ၃၀ ရာခိုင်နှုန်းရှိပြီး တန်ဇန်နီးယားတွင် ၃၇ ရာခိုင်နှုန်းရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly