ရတနာပုံနောက်ခံလူ ရဲဝင်းအောင် ဒဏ်ရာခွဲစိတ်ကုသမှု အောင်မြင်

ရတနာပုံနောက်ခံလူ ရဲဝင်းအောင် ဒဏ်ရာခွဲစိတ်ကုသမှု အောင်မြင်
ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သည့် ရဲဝင်းအောင် (ဓါတ်ပုံ ရတနာပုံအသင်း)

ရန်ကုန်၊ ဇူလိုင် ၈ ။          ။ ရတနာပုံအသင်းမှ မြန်မာယူ-၂၃ နောက်ခံလူ ရဲဝင်းအောင်၏ ဒူးဒဏ်ရာကို ရန်ကုန်မြို့၊ ပန်းလှိုင်ဆေးရုံတွင် ခွဲစိတ်ကူသမှု ခံယူခဲ့ရာ ရာနှုန်းပြည့် အောင်မြင်ခဲ့ကြောင်း အသင်းဖေ့စ်ဘုတ် စာမျက်နှာတွင် သတင်း ထုတ်ပြန်ခဲ့သည်။

ရဲဝင်းအောင်မှာ ယင်းဒဏ်ရာကို အိမ်ကွင်းတွင်ကစားခဲ့သော ရှမ်းယူနိုက်တက်နှင့်ပွဲတွင် ရခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာကြောင့် အသင်း၏ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်များ အားလုံးကို လွဲချော်မည်ဖြစ်သည်။

“ကျွန်တော့်ဒဏ်ရာ ခွဲစိတ်ဖို့အတွက် အချိန်အကြာကြီး စောင့်ခဲ့ရတယ်။ ဆရာဝန်ရဲ့ ညွှန်ကြား ချက်ကြောင့်ပါ။ အခုတော့ အားလုံး အောင်မြင်သွားတဲ့အတွက် ဝမ်းသာပါတယ်။

ဘောလုံး ပြန်ကစားနိုင်ဖို့တော့ အချိန်ယူရဦးမှာပါ” ဟု ရဲဝင်းအောင်ကပြောသည်။ ရဲဝင်းအောင်မှာ ရတနာပုံအသင်းအဓိက ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၅ စင်ကာပူဆီးဂိမ်းတွင်လည်း မြန်မာယူ-၂၃ အသင်းနှင့်အတူ အောင်မြင်မှုရရန် စွမ်းဆောင်နိုင်ခဲ့သည်။ လက်ရှိ ရတနာပုံအသင်းတွင် ရဲကိုဦးနှင့် အောင်သူတို့လည်း ဒဏ်ရာပြဿနာ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly