အိုင်ဘီအတွက်ဘုန်းမောက်၏ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းလက်ခံ

အိုင်ဘီအတွက်ဘုန်းမောက်၏ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းလက်ခံ

ဇူလိုင် ၈၊ လီဗာပူးလ်။              ။ ဘုန်းမောက်အသင်းက ၎င်းတို့၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သော ပေါင် ၁၅ သန်းဖြင့် တောင်ပံကစားသမားအိုင်ဘီကို ကမ်းလှမ်းလာမှုအား လီဗာပူးလ်အသင်းက လက်ခံလိုက်ပြီဖြစ်သည်။

အသက် ၂၀ အရွယ်ရှိအိုင်ဘီသည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းအတွက် ၁၂ ပွဲကစားခွင့်ရခဲ့သူဖြစ်သည်။ အပြောင်း အရွှေ့ဖြစ်ပေါ်လာခဲ့ပါက ဘုန်းမောက်အသင်းအတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာမည်ဖြစ်သည်။

ဘုန်းမောက်အသင်းသည် ဇန်နဝါရီလက ဝုဗ်ကစားသမား အဖိုဘီကို ပေါင် ၁၀ သန်းဖြင့်ခေါ်ယူထားခြင်းမှာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်ထားသည်။

အင်္ဂလန်ယူ-၂၁ လက်ရွေးစင်အိုင်ဘီသည် ၂၀၁၁ တွင် ဝိုင်ကွန်ဘီမှပြောင်းလာခဲ့ပြီး လီဗာပူးလ်အသင်းအတွက် စုစုပေါင်း ၅၈ ပွဲ ကစားထားသည်။

အိုင်ဘီသည်ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်းသို့ ပေါင် ၄၉ သန်းဖြင့်ပြောင်းရွှေ့သွားသည့် စတာလင်း၏နေရာကို ဆက်ခံမည့် သူအဖြစ်လည်း ထင်ကြေးပေးခံထားရသူဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly