အမေရိကန်တွင် ရဲများ၏ ပစ်ခတ်မှုကြောင့် လူမည်းအမျိုးသားများသေဆုံးခဲ့မှုအပေါ် ဆန္ဒပြပွဲများဖြစ်ပေါ်နေစဉ် ရဲလေးဦး ပစ်သတ်ခံရ

အမေရိကန်တွင် ရဲများ၏ ပစ်ခတ်မှုကြောင့် လူမည်းအမျိုးသားများသေဆုံးခဲ့မှုအပေါ် ဆန္ဒပြပွဲများဖြစ်ပေါ်နေစဉ် ရဲလေးဦး ပစ်သတ်ခံရ

ဇူလိုင် ၈ ။            ။ အမေရိကန်နိုင်ငံ Dallas မြို့တွင် ရဲ၏ ပစ်ခတ်မှုကြောင့် လူမည်းများ သေဆုံးထားခဲ့မှုအပေါ် ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်နေစဉ်အတွင်း ဇူလိုင် ၇ ရက်ညပိုင်းက စနိုက်ပါသမားများ၏ ပစ်ခတ်မှုကြောင့် ရဲဝန်ထမ်းလေးဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

သံသယ ရှိ စနိုက်ပါသမားများကို ယခုအခါ လိုက်လံရှာဖွေနေလျက်ရှိနေကြောင်း Dallas မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ဒေးဗစ်ဘရောင်းက ပြောသည်။

ဆန္ဒပြသူများ မြို့တွင်းလမ်းပေါ်တွင် ချီတက်လာနေစဉ် ပစ်ခတ်သံများကြားခဲ့ရပြီးနောက်ပိုင်း ယခုကဲ့သို့ ရဲသုံးဦး ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။ နိုင်ငံရှိ Minnesota နှင့် Louisiana ပြည်နယ်တို့တွင် ရဲများ၏ ပစ်ခတ်မှုကြောင့် လူမည်းများ သေဆုံးထားခဲ့မှုအပေါ် ဆန့်ကျင်ကာ အဆိုပါ ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ခြင်းလည်းဖြစ်သည်။

အထက်ပါ ဖြစ်စဉ်တွင် အခြား ရဲဝန်ထမ်းရှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်းနှင့် တစ်ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

" ဆန္ဒပြပွဲချီတက်လာတဲ့အချိန်မှာ တာဝန်ကျရဲဝန်ထမ်းဆယ်ယောက်ကို ကြိုတင်ပြီးတော့ ကျကျနနနေရာယူထားတဲ့ စနိုက်ပါသမားနှစ်ယောက်က ပစ်ခတ်သွားပုံပါပဲ" ဟု ဒေးဗစ်ဘရောင်းက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly