ဘင်္ဂလားဒေ့ရှ်တွင် မွတ်ဆလင်ဥပုသ်လ ကုန်ဆုံးသည့် အထိမ်းအမှတ်ပွဲများကျင်းပနေချိန် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား၊ ရဲတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်တွင် မွတ်ဆလင်ဥပုသ်လ ကုန်ဆုံးသည့် အထိမ်းအမှတ်ပွဲများကျင်းပနေချိန် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား၊ ရဲတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

ဇူလိုင် ၇ ။              ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မွတ်ဆလင် ဥပုသ်လ ပြီးဆုံးသည့် အထိမ်းအမှတ် ပွဲတော်ကြီးများ ကျင်းပနေသည့် မြို့တစ်မြို့တွင် ဇူလိုင်လ ၇ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦးသေဆုံးကာ အခြားခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒါကာမြို့၏ အနောက်မြောက် ၁၄၀ ကီလိုမီတာအကွာ Kishoregonj မြို့တွင် ဖြစ်ပွားခဲ့သော ယင်းပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို လက်တစ်လော သိရှိရသေးခြင်းမရှိပေ။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကမှ အိုင်အက်စ်စစ်သွေးကြွတို့၏ လက်ချက်ဟု သိရသော လူ ၂၀ သေဆုံးခဲ့သည့် ဒါကာကော်ဖီဆိုင်စီးနင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နောက်ပိုင်း ယခုထပ်မံဖြစ်ပွားသော   ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် နိုင်ငံတစ်ဝန်းကို လှုပ်ခါသွားစေခဲ့သည်။

စာသင်ကျောင်းတစ်ခုအနီးဖြစ်ပွားသော ယခုပေါက်ကွဲမှုမှာ စစ်သွေးကြွတစ်ဦး က ဖောက်ခွဲခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ကနဦးကောက်ချက်ချထားကြောင်း ဒေသအကြီးအကဲ မိုဟာမက် အေဇီမူဒင်က   ပြောကြားသွားသည်။

ထို့ပြင် ဖောက်ခွဲသမားတရားခံဟု ယူဆရသူလည်း သေဆုံးခဲ့ကြောင်းလည်း အခြား ရဲအရာရှိတစ်ဦးဖြစ်သည့် အန်ဝါ ဟူစိန်ခန်ကပြောကြားသွားသည်။

မွတ်ဆလင်တို့၏ ဥပုသ်လသည် ယခုသီတင်းပတ်အတွင်း ကုန်ဆုံးခဲ့ပြီဖြစ်ရာ ယင်းနိုင်ငံတွင် အထိမ်းအမှတ်ပွဲတော်များ ကျင်းပနေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly