မြိတ်မြို့တွင် အိမ်ရာမရှိသူများကို မြေကွက်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ဆိုကာ ငွေကြေးတောင်းသူကို အမှုဖွင့်ထား

မြိတ်မြို့တွင် အိမ်ရာမရှိသူများကို မြေကွက်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ဆိုကာ ငွေကြေးတောင်းသူကို အမှုဖွင့်ထား

 မြိတ်၊ ဇူလိုင် -၇ ။            ။ အိမ်ရာမရှိသူများကို မြေကွက်ရရှိအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ တစ်ဦးလျှင် ငွေတစ်သောင်း ကျပ်တောင်းခံကောက်ယူလျက်ရှိသူကို အထောက်အထားမခိုင်လုံသည့် စာရွက်စာတမ်းအတုများအသုံး ပြု လျက်ရှိခြင်းကြောင့် မြိတ်မြို့၊ မြို့မရဲစခန်း၌ ဇူလိုင် (၅)ရက်တွင် မြိတ်တောင်နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်က တရားလိုပြုလုပ်တိုင်ကြားခဲ့ကြောင်း သိရသည်။

“ လိမ်ဖို့အတွက် အတုလုပ်ထားတဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဆီတင်ပြထားတဲ့ အိမ်ရာဆောက် လုပ် ခွင့်လျှောက်ထားတဲ့စာရွက်တွေ၊ အိမ်မဲ့ယာမဲ့တွေရဲ့ အိမ်ထောင်စုစာရင်းမိတ္တူစာရွက်တွေ ကို တွေ့ရတယ်။ ဒါ ကြောင့် စာရွက်စာတမ်းအတုပြုလုပ် လိမ်လည်မှုနဲ့ တိုင်ကြားထားတာဖြစ်ပါတယ်” ဟု ဦးတင်ဇော် ကဆို သည် ။

ဇူလိုင်(၅)ရက်က အဆိုပါ မြိတ်တောင်နယ်မြေရပ်ကွက်အတွင်းမှ မြို့မ(၃)၊ (၄)ရပ်ကွက်ရှိ ဒေသခံ အိမ်ရာရရှိချင် သူများအနေဖြင့် အိမ်ရာရရှိအောင် ဆောင်ရွက်ပေးမည်ဆိုသူထံ တစ်ဦးလျှင် ငွေတစ် သောင်းကျပ်ဖြင့် မှတ်ပုံတင်နံပါတ်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်များပေးရပြီး လက်မှတ်ထိုးပေးလိုက်ရသူ စုစုပေါင်း (၁၆)ဦးရှိကာ ငွေကျပ် (၁၆၀၀၀၀)ပါရှိ သွားသည်ဟု ကိုယ်တိုင်ငွေကြေးပေးလိုက်ရသူ ဒေါ်ရှင်ဟိုက ပြော သည်။

“ အိမ်မြေကွက်ရအောင်လုပ်ပေးမယ်။ အထက်ရုံးကိုလည်း တင်ပြပေးမယ်ဆိုပြီး ပြောတယ်။ ကိုယ်ကလည်း သူများတွေလည်းလုပ်နေကြတာပဲဆိုတော့ ငွေပေးပြီး လက်မှတ်ထိုးပေးလိုက်တာ။ အဲဒီလို လိမ်ဖို့လုပ် မယ်လို့လည်း မထင်ပါဘူး” ဟု ၎င်းကဆိုသည်။

လွန်ခဲ့သည့် မေလအတွင်းမှ စတင်၍ အိမ်ရာမရှိသူများကို အိမ်ရာရရှိအောင်ဆောင်ရွက်ပေးမည်ဟု ဆိုကာ အိမ်ထောင်စုစာရင်းဇယား၊ မြေကွက်ပုံစံပြ မြေပုံများ ၊ စာရွက်စာတမ်းအတုများဖြင့်   ဆောင်ရွက်လျက် ရှိခဲ့ပြီး ယခုတစ်ကြိမ်တွင် ငွေကြေးတောင်းခံမှုဖြင့် လိမ်လည်ရန်ကြိုးစားလာခြင်းဖြစ်သည်ဟု မြိတ်တောင်နယ် မြေရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါ အိမ်ရာရရှိအောင်ဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေတောင်းခံသူသည် မြိတ်မြို့စက်မှုဇုံရပ် ကွက်(၁) တွင်နေထိုင်သည့် ဦးရှိန်ဂွမ်ဖြစ်ကာ လက်ရှိတွင် ၎င်းကို မြိတ်မြို့ မြို့မရဲစခန်းမှ ပုဒ်မ (ပ) ၇၁၁ / ၂၀၁၆ -(၄၂၀)၊ (၄၆၈) လိမ်လည်မှုဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly