ယင်းမာပင်ခရိုင်အတွင်းရှိ စာသင်ကျောင်းများတွင် ရက် ၁၀၀ စီမံချက်ဖြင့် မှတ်ပုံတင်ပြုလုပ်

ယင်းမာပင်ခရိုင်အတွင်းရှိ စာသင်ကျောင်းများတွင် ရက် ၁၀၀ စီမံချက်ဖြင့် မှတ်ပုံတင်ပြုလုပ်

မုံရွာ၊ ဇူလှိုင် ၇ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် အတွင်းရှိ စာသင်ကျောင်းများတွင် ခရိုင်လဝကမှ မှတ်ပုံတင်များပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်အတွင်းရှိ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ရှိ စာသင်ကျောင်းများ တွင် အသက် (၁၀)နှစ်အထက် ကျောင်းသား/သူများအား မှတ်ပုံတင်ကဒ်ပြား   ပြုလုပ်ပေးခြင်း ဖြစ်သည်။

"ခရိုင် လဝက ရဲ့ဦးဆောင်မှုနဲ့ ယင်းမာပင်မြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတွေ ကို မှတ်ပုံတင်လုပ်ပေးနေပါတယ်၊ အသက် (၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူ တွေကို ပြုလုပ်ပေးနေပါတယ်။" ဟု ယင်းမာပင်ခရိုင်၊ အလုပ်သမား-လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ လက်ထောက်ဦးစီးမှူးဦးစိုင်းမြင့်အောင်က ပြောသည်။
နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးချိန်တွင် ခရိုင်လဝက ဦးစီးမှူးနှင့် မြို့နယ် လဝက ဦးဆောင်ပြုလုပ်ပေးလျှက်ရှိပြီး ယင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းအားလုံး တွင် နေ့စဉ် ကွင်းဆင်းဆောင်ရွက်ပေး နေခြင်းဖြစ်ကြောင်း သိရသည်။

" ကလေးတွေအတွက်မှတ်ပုံတင်လုပ်ရာမှာ စာသင်ကျောင်းအထိလိုက်ပြီးလုပ်ပေးတဲ့အတွက် အချိန်ကုန်လူပမ်း သက်သာသွားတာပေါ့"ဟု ယင်းမာပင်မြို့နယ်မှကျောင်းသားမိဘတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly