ယင်းမာပင်မြို့နယ်တွင် ပိုင်ရှင်မဲ့သစ်တုံး (၁၀၀) ကျော် ဖမ်းမိ

ယင်းမာပင်မြို့နယ်တွင် ပိုင်ရှင်မဲ့သစ်တုံး (၁၀၀) ကျော် ဖမ်းမိ

မုံရွာ၊ဇူလှိုင် ၇။        ။ ယင်းမာပင်မြို့နယ်တွင် ယခုလ ၅ ရက်နေ့က တရားမဝင်သစ်တုံး (၁၀၀) ကျော်အား ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းမာပင်မြို့နယ် သစ်တော ဦးစီးဌာနမှ သိရသည်။

တရားမဝင်ပိတောက်ဓါးရွှေတုံး (၁၀၄) တုံး ကို ယင်းမာပင်မြို့နယ် ကျောက်မှော်ဘိနယ်၊ ဆည်ကြီးအုပ်စု၊ ရွှေပေကုန်းရွာ အနောက်ဖက်(၁)ဖာလုံခန့်အကွာ၊ တောထဲမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

"ပိတောက်ဓါးရွှေတုံး(၁၀၀)ကျော်ဖမ်းမိခဲ့ပါ တယ်၊တန်အားဖြင့် ၁၂ ဒသမ ၈၂၄၄ တန်ကို ဖမ်းမိခဲ့တာပါ၊ ပိုင်ရှင်မဲ့တွေ အဖြစ်ဖမ်း မိခဲ့ပါတယ်"ဟု ယင်းမာပင်မြို့နယ် သစ်တောအုပ်ဦးမင်းဆွေက ဇူလှိုင် ၆ ရက်က ပြောသည်။

ယင်းမာပင်မြို့နယ် ကျောက်မှော်ဘိနယ်၊ ဆည်ကြီးအုပ်စု၊ရွှေပေကုန်းရွာ အနောက်ဖက်(၁)ဖာလုံခန့်အကွာ၊ တောထဲတွင် မုံရွာ၊ ကနီ၊ ယင်းမာပင်တို့မှ သစ်တောဦးစီးမှူးများနှင့် သစ်တောဝန်ထမ်း များက ဝင်ရောက်ရှာဖွေကြရာမှ ယင်းကဲ့သို့ တရားမဝင် ပိတောက်ဓားရွှေတုံးသစ်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly