မန်ယူကစားသမားသစ် အမ်ခီတာရန်မှာ ပရီးမီးယားလိဂ်တွင် ကစားမည့် ၁၀၉ နိုင်ငံမြောက် ကစားသမားဖြစ်လာ

မန်ယူကစားသမားသစ် အမ်ခီတာရန်မှာ ပရီးမီးယားလိဂ်တွင် ကစားမည့် ၁၀၉ နိုင်ငံမြောက် ကစားသမားဖြစ်လာ

ဇူလိုင် ၇၊ အင်္ဂလန် ။              ။ မန်ယူအသင်းက ခေါ်ယူလိုက်သော အာမေးနီးယားကွင်းလယ်ကစားသမား အမ်ခီတာရန်သည် ပရီးမီးယားလိဂ်တွင် ကစားမည့် ၁၀၉ နိုင်ငံမြောက် ကစားသမား ဖြစ်လာပြီ ဖြစ်သည်။

မန်ယူအသင်းသည် ဒေါ့တ်မွန်ကွင်းလယ်လူ အမ်ခီတာရန်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းဖြင့် လေးနှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် အမ်ခီတာရန်သည် ပရီးမီးယားလိဂ်တွင် ကစားမည့် ပထမဆုံး အာမေးနီးယားကစားသမားဖြစ်လာခဲ့သည်။ ယခုနှစ်တွင် ပရီးမီးယားလိဂ်သို့တန်းတက်လာသော မစ်ဒယ်ဘရော့အသင်းမှ အီမီလီယိုအန်စူးသည်လည်း ပရီးမီးယားလိဂ်တွင် ပထမဆုံးကစားခွင့်ရတော့မည့် ဘာကီနာဖာဆိုနိုင်ငံသားဖြစ်သည်။ ၎င်းတို့နှစ်ဦးကြောင့် ပရီးမီးယားလိဂ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၉ နိုင်ငံမှ ကစားသမားများ လာရောက်ကစားသည့် မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။

မန်ယူကစားသမားသစ် အမ်ခီတာရန်က ‘ မန်ယူကို ပြောင်းခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါ။ သမိုင်းကြောင်းခမ်းနားလှတဲ့အသင်းမှာ ကစားရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်အပေါ် ယုံကြည်မှုပေးခဲ့တဲ့ နည်းပြမော်ရင်ဟိုနဲ့ မန်ယူအသင်းကိုလည်း ကျေးဇူးတင်ပါတယ်’ ဟု ပြောဆိုခဲ့သည်။

မန်ယူနည်းပြမော်ရင်ဟိုကလည်း အမ်ခီတာရန်၏ ကစားပုံသည် ပရီးမီးယားလိဂ်နှင့် အလျင်အမြန်အံဝင်လိမ့်မည်ဖြစ်ကြောင်းနှင့် အမ်ခီတာရန်သည် အသင်းလိုက်စည်းလုံးစွာ ကစားတတ်သည့် ကစားသမားဟု ချီးကျူးပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly