ယခုနှစ်၏ ပထမငါးလအတွင်း ကမ္ဘာ့လှည့်ခရီးသည် ၀င်ရောက်မှုအရေအတွက် ထောင်နှင့်ချီ ကျဆင်း

ယခုနှစ်၏ ပထမငါးလအတွင်း ကမ္ဘာ့လှည့်ခရီးသည် ၀င်ရောက်မှုအရေအတွက် ထောင်နှင့်ချီ ကျဆင်း
ညောင်ဦးမြို့ ပုဂံရှေးဟောင်း ဘုရားသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားဧည့်သည်များအား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ မဇ္ဈိမ

ယခုနှစ် ပထမငါးလအတွင်း ကမ္ဘာလှည့်ခရီးသည်များ မြန်မာနိုင်ငံသို့  လာရောက်မှုအရေအတွက်က ပြီးခဲ့သည့်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ထောင်နှင့်ချီကာ ဧည့်သည်ဝင်ရောက်မှု ကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးမြင့်ထွေးက ဇူလိုင် ၅ ရက်က ပြောသည်။

ယခုနှစ်၏ မေလအထိ ကမ္ဘာလှည့်ခရီးသွားဧည့်သည်ရောက်ရှိမှုသည် ၁ ဒဿမ ၈ သန်းကျော် ရှိခဲ့သည်။ သို့သော် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသည်အရေအတွက်အား ၅ သန်းအထိ ရရှိရန် ရည်မှန်းထားသည်။

၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၄ ဒဿမ ၆၈ သန်း ဝင်ရောက်ခဲ့ပြီး ရည်မှန်းအရေအတွက်ထက် နည်းပါးခဲ့သည်။

၂၀၂၀ တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၇ သန်းအထိ ရောက်ရှိနိုင်သည်ဟုလည်း မျှော်မှန်းထားသည်။

မြန်မာနိုင်ငံ၏ မဟာဗျူဟာဦးစားပေးလုပ်ဆောင်ချက်တစ်ရပ်အဖြစ် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကြိုးစားလုပ်ဆောင်လျက်ရှိနေသည်။

တစ်ပြိုင်တည်းတွင် ၂၀၁၃-၂၀၂၀ ခရီးသွားလုပ်ငန်းအထူးအစီအစဉ်ကို ရေးဆွဲချမှတ်ကာ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly