လူအခွင့်အရေးအလွဲသုံးခြင်းကြောင့် ကင်ဂျုံးအွန်ကို အမေရိကန်က တိုက်ရိုက်ဒဏ်ခတ်ပိတ်ဆို့မှု ပထမဆုံးချမှတ်

လူအခွင့်အရေးအလွဲသုံးခြင်းကြောင့် ကင်ဂျုံးအွန်ကို အမေရိကန်က တိုက်ရိုက်ဒဏ်ခတ်ပိတ်ဆို့မှု ပထမဆုံးချမှတ်

နယူးယောက်၊ ဇူလိုင် ၇ ။            ။ လူအခွင့်အရေးအလွဲသုံးစားမှုများကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်အား အမေရိကန်နိုင်ငံက ပထမဆုံးအဖြစ် တိုက်ရိုက်ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သည်။

မြောက်ကိုရီးယားနိုင်ငံအတွင်း အလွဲသုံးစားချိုးဖောက်မှုများအတွက် ကင်ဂျုံးအွန်က တိုက်ရိုက်တာဝန်ရှိသူအဖြစ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အခြားမြောက်ကိုရီးယားထိပ်တန်းတာဝန်ရှိသူ ဆယ်ဦးကိုလည်း ဘလက်လစ်စာရင်းသွင်းခဲ့သည်။ ယခုထိ အမေရိကန်၏ ယခုကဲ့သို့ ဒဏ်ခတ်မှုကို မြောက်ကိုရီးယားဖက်က တုံ့ပြန်ချက် မထွက်လာသေးပေ။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားလုပ်ဆောင်မှုများကြောင့် ဒဏ်ခတ်ပိတ်ဆို့ခံရပြီးနိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း အမေရိကန်က ပိုမိုဒဏ်သင့်စေခြင်းကြောင့် ယခုကဲ့သို့ ထပ်မံလုပ်ဆောင်ခြင်းဖြစ်ကြောင်း အကဲဖြတ်များက ဆိုသည်။

“ကင်ဂျုံးအွန်လက်အောက်မှာ မြောက်ကိုရီးယားနိုင်ငံအတွက် နစ်နာမှုများဖြစ်နေကာ ပြည်သူသန်းပေါင်းများစွာမှာ ဆင်းရဲဒုက္ခတွင်းထဲ ရောက်နေကြောင်း၊ တရားမဲ့သတ်ဖြတ်ခြင်းများ၊ အတင်းအလုပ်ခိုင်းစေမှုများနှင့် နှိပ်စက်ညည်းပန်းမှုများ ကြုံဆုံနေရကြောင်း” အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly