ချင်းတွင်းမြစ်အထက်ပိုင်းရှိ ခန္တီးမြို့တွင် မြစ်ရေဝင်ရောက်နေပြီး ရပ်ကွက်အချို့ပြောင်းရွှေ့ရ

ချင်းတွင်းမြစ်အထက်ပိုင်းရှိ ခန္တီးမြို့တွင် မြစ်ရေဝင်ရောက်နေပြီး ရပ်ကွက်အချို့ပြောင်းရွှေ့ရ
(ဓါတ်ပုံ-အောင်ဆန်းမြင့်)

မုံရွာ၊ ဇူလှိုင် ၆ ။             ။ ချင်းတွင်းမြစ်အထက်ပိုင်းရှိ ခန္တီးမြို့တွင် မြစ်ရေဝင်ရောက်လာမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာတစ်ချို့ ပြောင်းရွှေ့နေရကြောင်း ခန္တီးမြို့ဒေသခံ ကိုအောင်ဆန်းမြင့်က မဇ္ဈိမကို ပြောသည်။

ခန္တီးမြို့ ရပ်ကွက်(၃)ခုနှင့် ကျေးရွာ(၇)ရွာတို့တွင် ရေဝင်ရောက်လျက်ရှိပြီး ရေတဖြည်းဖြည်း တက်လျက်ရှိရာ စိုးရိမ်ရေမှတ် ၁၃၆၀စင်တီမီတာကို ကျော်လွန်၍ ၁၄၁၈ စင်တီမီတာသို့   ရောက်ရှိနေပြီးဖြစ်ကြောင်း  ဇူလိုင် ၆ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က ပြောသည်။

"စိုးရိမ်ရေမှတ်ကျော်နေပြီ၊ ရေကတော့ တက်နေဆဲပဲ၊ တစ်ချို့တွေ ဘေးလွတ်ရာ ပြောင်းရွေ့နေရပြီ၊ မနေ့ကရေစဝင်တာ၊ အတက်မြန်နေတယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဘေးလွတ်ရာရွှေ့နေကြတာတွေ   မြင်တွေ့နေရတယ်။" ဟု ၎င်းက ဆိုသည်။

အထက်ပိုင်းရှိ ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့ တွင် စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး ချင်းတွင်းမြစ်အောက်ပိုင်းရှိ ဒေသများတွင် ရေတိုးလာဖွယ်ရှိကာ ရေကြောင်းသွားလာသူများ အထူးဂရုစိုက်ပါရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly