ဝက်စ်ဟမ်းနောက်ခံလူ တွမ်ကင်းစ်ကို ပေါင် ၁၀ သန်းဖြင့် ခရစ္စတယ်ပဲလေ့စ်ခေါ်ယူ

ဝက်စ်ဟမ်းနောက်ခံလူ တွမ်ကင်းစ်ကို ပေါင် ၁၀ သန်းဖြင့် ခရစ္စတယ်ပဲလေ့စ်ခေါ်ယူ

ဇူလိုင် ၆၊ လန်ဒန်။              ။ ခရစ္စတယ်ပဲလေ့စ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းမှနောက်ခံလူ တွမ်ကင်းစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း၊ ငါးနှစ်စာချုပ်ဖြင့်   ခေါ်ယူလိုက်သည်။

အသက် ၂၇ အရွယ်ကစားသမားမှာ တောင်းဆန့်နှင့် မန်ဒန်ဒါတို့ပြီးနောက် ပဲလေ့စ်နည်းပြပါဂျူးခေါ်ယူသည့် တတိယမြောက် ကစားသမားဖြစ်လာခဲ့သည်။

နည်းပြပါဂျူးအနေဖြင့် တနင်္ဂနွေနေ့တွင် စတင်တော့မည့် ကနေဒါနှင့် အမေရိကန် ရာသီကြိုခြေစမ်းခရီးစဉ်မတိုင်မီ တွမ်ကင်းစ်ကို ခေါ်ယူလိုက်နိုင်ခြင်းဖြစ်သည်။

“ပဲလေ့စ်အသင်းကိုရောက်ခဲ့လို့ ကျွန်တော်တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်။ အသင်းကောင်းတစ်သင်းဖြစ်သလို ပါဂျူးဟာ ကျွန်တော်ငယ်ငယ်ကတည်းက ကစားသမားဘဝတိုးတက်အောင် သွန်သင်ပြသခဲ့သူတစ်ယောက်ပါ”ဟု တွမ်ကင်းစ်က ပြောသည်။

ပဲလေ့စ်အသင်း၏ဥက္ကဋ္ဌ ပါရစ်ကလည်း တွမ်ကင်းစ်၊ တောင်းဆန့်နှင့် မန်ဒန်ဒါတို့ရောက်လာခြင်းကြောင့် အသင်းအနေဖြင့် လာမည့်ရာသီတွင် အင်အားပိုမိုတောင့်တင်းလာမည်ဟု ယုံကြည်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly