မက်ဆီကို စီရော်နယ်ဒို အားပေးထောက်ခံစကားပြော

မက်ဆီကို စီရော်နယ်ဒို အားပေးထောက်ခံစကားပြော

ဇူလိုင် ၆၊ ပြင်သစ်။              ။ ကိုပါအမေရိကဖလားရာပြည့်ပြိုင်ပွဲတွင် စိတ်ပျက်စရာကြုံတွေ့ခဲ့ရသော မက်ဆီကို ပြိုင်ဘက်စီရော်နယ်ဒိုက အားပေးထောက်ခံ စကားပြောဆိုလိုက်သည်။

မက်ဆီသည် ချီလီနှင့်ကစားသည့် ဗိုလ်လုပွဲတွင် ပင်နယ်တီလွဲချော်ခဲ့ရပြီး ကိုပါအမေရိကရာပြည့်ဖလားကို လက်လွှတ်ခဲ့ရပြီး နောက် လက်ရွေးစင်အသင်းမှ အနားယူသွားခဲ့သည်။ ယင်းမှာ ဘာစီလိုနာကစားသမားအတွက် အဓိကနိုင်ငံတကာပြိုင်ပွဲကြီး၌ လေးကြိမ်မြောက်ရှုံးနိမ့်ခြင်းလည်း ဖြစ်ခဲ့ရသည်။

စီရော်နယ်ဒိုနှင့် မက်ဆီသည် လက်ရှိဘောလုံးလောကတွင် အကောင်းဆုံးဆုများအတွက် ပြိုင်ဘက်များအဖြစ် သတ်မှတ်ခြင်း ခံနေရသူများဖြစ်သည်။

လက်ရွေးစင်ကစားသမားဘဝမှအနားယူသည့်ဆုံးဖြတ်ချက်ကို မက်ဆီပြန်ပြင်လိမ့်မည်ဟုမျှော်လင့်ကြောင်းနှင့် ပင်နယ်တီလွဲချော်ခဲ့ခြင်းကိုလည်း စာနာမိကြောင်း စီရော်နယ်ဒိုက ပြောသည်။

“ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို မက်ဆီချခဲ့ရတာဖြစ်ပြီး သူ့ကိုလူတွေနားလည်ပေးသင့်ပါတယ်။ ပင်နယ်တီတစ်လုံးလွဲတာက သူ့ကို ညံ့တဲ့ကစားသမားဖြစ်သွားစေမှာ မဟုတ်ပါဘူး။

မက်ဆီကိုမျက်ရည်တွေနဲ့မြင်ရတာ နာကျင်ရပြီး သူ့နိုင်ငံအတွက် သူပြန်လာဖို့ မျှော်လင့်ပါတယ်။ သူလိုလဲ လိုအပ်ပါတယ်”ဟု စီရော်နယ်ဒိုက မန်ဒိုဒီပို့တီဗိုသတင်းစာသို့ပြောသည်။

အသက် ၃၁ နှစ်အရွယ် ပေါ်တူဂီအသင်းခေါင်းဆောင်စီရော်နယ်ဒိုသည်လည်း မက်ဆီကဲ့သို့ပင် လက်ရွေးစင်အသင်းနှင့် အောင်မြင်မှုမရဖူးသူဖြစ်ပြီး ယူရို ၂၀၀၄ ပြိုင်ပွဲတွင် ဗိုလ်လုပွဲ ရောက်မှ ဂရိအသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ဖူးသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly