မန်ယူနည်းပြအဖြစ် အစမ်းသပ်ခံရန် အဆင်သင့်ဖြစ်နေပြီဟု မော်ရင်ဟိုပြော

မန်ယူနည်းပြအဖြစ် အစမ်းသပ်ခံရန် အဆင်သင့်ဖြစ်နေပြီဟု မော်ရင်ဟိုပြော

ဇူလိုင် ၅၊ မန်ချက်စတာ ။             ။ မန်ယူနည်းပြအဖြစ် အစမ်းသပ်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မော်ရင်ဟိုက သတင်းမီဒီယာများနှင့် ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

မော်ရင်ဟိုသည် ပြီးခဲ့သည့် မေလက နည်းပြလူးဝစ္စဗန်ဟားလ်၏နေရာကို ဆက်ခံပြီး မန်ယူနည်းပြဖြစ်လာခဲ့သူဖြစ်သည်။ မော်ရင်ဟိုက မန်ယူအသင်းချန်ပီယံလိဂ်မကစားရသည့်အတွက် စိတ်ပျက် မိကြောင်းဝန်ခံခဲ့ပြီး မန်ယူအသင်းသို့ရောက်လာခြင်းမှာ ဆုဖလားများ ရယူရန်ဖြစ်ကြောင်း ပြောသည်။

‘အရာရာအားလုံးကို ကျွန်တော်အနိုင်ရလိုပါတယ်။ ပွဲတွေကိုလည်းနိုင်ချင်ပါတယ်။ ကစားပုံလည်းကောင်းချင်ပါတယ်။ ဂိုးတွေသွင်းတာကို ကြိုက်ပါတယ်။ ဂိုးပေးရတာကို မနှစ်သက်ပါဘူး။ ပရိသတ်တွေ အားပေးထောက်ခံတာကိုလည်း လိုချင်ပါတယ်။ အရာရာအားလုံးကို မရနိုင်ပေမယ့် ကျွန်တော်တို့ အရာရာကို လိုချင်ကြပါတယ်’ ဟု မော်ရင်ဟိုက ပြောသည်။

ဂွါဒီယိုလာနှင့်မန်စီးတီးအကြောင်းကို မေးမြန်းခဲ့ရာတွင် မော်ရင်ဟိုက ‘ပရီးမီးယားလိဂ်မှာ အသင်း ၂၀ လုံးဖလားရနိုင်ပါတယ်။ အသင်းတစ်သင်းတည်းကို အာရုံစိုက်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ဗြိတိန်က ထိပ်တန်းအကျဆုံးအသင်းကို နည်းပြနေတာပါ။ ဒါကြောင့် ကိုယ့်အသင်းကိုယ်ပဲ အာရုံစိုက်ပါတယ်’ ဟု ဖြေဆိုခဲ့သည်။

မန်ယူ၏ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည့် ရွိုင်ယန်ဂစ်အနေဖြင့် ဆန္ဒရှိပါက အသင်းသို့ပြန်လာနိုင်ကြောင်းလည်း မော်ရင်ဟိုက ပြောဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly