ပြင်သစ် ထောက်လှမ်းရေးတပ်ဖွဲ့ ပြောင်းလဲဖွဲ့စည်းရေး တောင်းဆို

ပြင်သစ် ထောက်လှမ်းရေးတပ်ဖွဲ့ ပြောင်းလဲဖွဲ့စည်းရေး တောင်းဆို

ဇူလိုင် ၅ ။            ။ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားထားခဲ့သည့် ပါရီ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း နိုင်ငံရှိ ထောက်လှမ်းရေးတပ်ဖွဲ့တွင် အလုံးစုံ ပြောင်းလဲမှုများ လုပ်ဆောင်သင့်နေပြီဖြစ်ကြောင်း လွှတ်တော် စုံစမ်းရေးကော်မရှင်တစ်ခုက အစိုးရကို တောင်းဆိုပြောကြားလိုက်သည်။

နိုင်ငံရှိ ထောက်လှမ်းရေးအဖွဲ့ခွဲအားလုံးကို တစ်ခုတည်းသော အေဂျင်စီတစ်ခုအဖြစ် ပူးပေါင်းသင့်ကြောင်း အထက်ပါ ကော်မရှင်က တိုက်တွန်းသွားသည်။

အလားတူ ပြင်သစ်အစိုးရအနေဖြင့် အမေရိကန်ရှိ အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေး စင်တာကဲ့သို့ အလားသဏ္ဍာန်တူသည့် အေဂျင်စီတစ်ခု ဖွဲ့စည်းသင့်ကြောင်း ယင်းကော်မရှင် ဥက္ကဌ ဂျော့ဖီနက်ချ်က အဆိုပြုသွားခဲ့သည်။

ဇန်နဝါရီလနှင့် နိုဝင်ဘာလများအတွင်း နိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၄၇ ဦးသေဆုံးခဲ့ရပြီးနောက် လုံခြုံရေးတပ်ဖွဲ့၏ တုန့်ပြန်လုပ်ဆောင်မှုနှင့်ပတ်သက်၍ ဝေဖန်သံများ ကျယ်လောင်လာခဲ့သည်။

" နိုင်ငံတကာ အကြမ်းဖက်မှုအန္တရာယ်နဲ့ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ရတဲ့အခါမှာ ကျွန်တော်တို့မှာ ခုထက်ပိုတဲ့ ထောက်လှမ်းရေးအေဂျင်စီတစ်ခုတော့ ရှိထားဖို့လိုနေပါတယ်" ဟု ဂျော့ဖီနက်ချ်က ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly